လူကအိပ်ရာပေါ်ရောက်နေပေမယ့်
လမ်းကြားထဲကကိစ္စကိုတွေးတွေးပြီး
အိပ်မပျော်နိုင်သေး..။
ကျွန်တော်ထင်သာသာမမှားရင်
အဲ့ဒီတုန်းကဖုန်းပြောနေတဲ့အကြောင်းအရာတွေကိုပုတုကြားသွားလောက်
ပြီ...။
နဂိုတည်းကမှကျွန်တော့်ကိုဆိုအမြင်
ကြည်တာမဟုတ်တဲ့ပုတုက
ခု...ကျွန်တော့်ကိုအတွေ့တောင်ခံပါ
တော့မလား...။အော်...ပုတု ပုတု .....
ရှင်သန်လာတဲ့သက်တမ်းတစ်လျှောက်လုံးဘယ်သူ့ကိုမှစိတ်ထဲမထည့်
ဖူးခဲ့တဲ့ကိုယ့်လိုလူကမင်းအကြောင်း
ကိုတော့တစ်ချိန်လုံးတွေးနေမိတယ်..။
မင်းကဘာလေးမို့လို့ကိုယ့်ကို
ဒီလောက်တောင်လွှမ်းမိုးနိုင်ရတာလဲ
ကွာ....။°°°°°°
"Girl I'm your candy.."
မနက်စောစောစီးစီးအိပ်မောကြနေကြ
သေးသောဂင်ညီနောင်ရဲ့အိပ်ခန်းထဲ
ဝယ်ပျံ့နှံ့လာသောဖုန်း ringtone
သံ...။
စက္ကန့်အတော်ကြာသည်အထိ
အော်မြည်နေသောဖုန်းလေးမှာ
သူ့အားအရေးမထားကြသည်ကိုသိ
သွားချိန်မှာတော့စိတ်ဆိုးသွားသည့်
အလားတိခနဲတိတ်ဆိတ်သွားတော့
သည်...။သိပ်မကြာလိုက်ပါ...။
"Girl I'm your candy.."
ထပ်မံအော်မြည်လာသောကုတင်
နှစ်လုံးကြားမှစားပွဲပုလေးပေါ်ရှိ
ဂျွန်မြောင်ရဲ့ဖုန်းလေး...။
စားပွဲပုလေးရဲ့ဘယ်ဘက်ရှိကုတင်
ထက်မှစောင်ပုံဟာလှုပ်လှုပ်ရှားရှား
ဖြစ်လာပြီး.."အာ....ဘာလဲကွာ....
အိပ်ကောင်းနေတုန်းကို..."အာ ကိုသံရှည်ဆွဲလို့ဆံပင်ထိုးလိုး
ထောင်လောင်နဲ့စောင်ပုံထဲကနေ
ဂျုံအင်ထွက်လာသည်..။
စားပွဲပေါ်မှတုန်ခါကာအော်မြည်
နေသောဖုန်းကိုလည်းတွေ့ရော..."အာ.....ထပ်ပြီး hyung ရဲ့ဖုန်းပဲ
လား...."ကုတင်ပေါ်ကဆင်းပြီးတစ်ဖက်
ကုတင်မှာကွေးကွေးလေးအိပ်ပျော်နေ
သော hyung ကိုပုတ်နိုးလိုက်သည်..။"Hyung hyung..."
"အင်း......."
ပုတ်နိုးနေတာကိုနိုးမလာတဲ့အပြင်
တအင်းအင်းတအဲအဲလုပ်ရင်း
တစ်ဖက်စောင်းအိပ်သွားသော
ယုန်ကောင်...။
အဲဒီလိုပဲ ယုန်တွေဆိုတာတအား
အမြင်ကပ်ဖို့ကောင်းတယ်...။
နဂိုကမှယုန်တွေရဲ့ဖြူစွတ်နေတဲ့အမွေး
တွေကိုအမြင်မကြည်ရတဲ့အထဲ အိမ်က
ယုန်ကပါတစ်မှောင့်...။

YOU ARE READING
မင်း!...[COMPLETED]
Hayran Kurguသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...