"ငယ်ရေ...ငယ်...ထတော့လေ..
တစ်ခုခုထစားဦး..တော်ကြာ
ဗိုက်အောင့်နေမယ်..."တံခါးကိုတဒေါက်ဒေါက်ခေါက်ပြီး
နိုးနေသော်လည်းအထဲကဘာမှ
မကြားရ၍မင်ဟို တံခါးကိုအသာ
တွန်းဖွင့်ပြီးဝင်သွားလိုက်သည်..။
အထဲရောက်တော့မြင်လိုက်ရတဲ့
မြင်ကွင်းကသူ့ရင်ကိုသိမ့်ခနဲ
တုန်သွားစေသည်...။
ငယ်ကညနေကဝတ်လာတဲ့
အင်္ကျီတွေကိုတောင်မလဲဘဲ
အဲ့အတိုင်းလေးအိပ်ပျော်နေ
သည်လေ....။
ကုတင်နားအထိတိုးသွားလိုက်
ကာငယ့်ရဲ့မျက်နှာအစိတ်အပိုင်း
တွေကိုကြည့်နေမိသည်...။
ငယ်ကတအားချစ်ဖို့ကောင်းတာပဲ....။
ငယ်ငယ်တုန်းကထက်တောင်
ချစ်ဖို့ကောင်းလာသေးတယ်...။
သူ ငယ်နဲ့တစ်အိမ်တည်းနေ
တယ်ဆိုပြီးလည်းငယ့်အပေါ်
အခွင့်အရေးမယူပါဘူး...။
သူကငယ့်ကိုချစ်တယ်ဆိုတာ
ထက်ကိုပိုတယ်လေ....။
ငယ့်ကိုမြတ်နိုးတာ...။
ရင်ထဲ အသည်းထဲကကြိုမတ်နိုးတာ..။
နဖူးပေါ်ဝဲကျနေတဲ့ငယ့်ဆံပင်
လေးတွေကိုအသာလေးသပ်တင်
လိုက်ပြီး နဖူးပြင်မွတ်မွတ်လေး
ပေါ်သို့အနမ်းလေးတစ်ပွင့်...။"ပြွတ်..."
ဒါကတော့ချွင်းချက်ပေါ့...။
ဒီထက်ပိုမှာမဟုတ်ပါဘူး..ငယ်..။
တစ်ချိန်ချိန်မှာချစ်သူတွေဖြစ်သွား
ရင်တော့တစ်မျိုးပေါ့.....။"အင်း...."
ထိုအချိန်ငယ်ကနိုးလာတာမို့...
သူကုတင်ပေါ်ကနေထလိုက်
သည်...။"ဟင်! အစ်ကို..."
မျက်လုံးလေးတွေပွတ်ရင်းထလာ
တဲ့ငယ်ကသူ့ကိုလည်းမြင်ရော..
အံ့သြသလိုလေးဖြစ်သွားပြီးပါးစပ်
လေးတောင်အနည်းငယ်ဟ.သွား
သေးသည်...။
အခန်းတစ်ခုလုံးကိုမျက်စိဝေ့
ကြည့်ပြီးမှ...."အာ.....ဟုတ်သားပဲ...
ငယ်ကအစ်ကို့အိမ်ရောက်နေတာ
ပဲနော..."တဟဲဟဲရယ်ရင်းပြောလာသော
ငယ်က.ကလေးလေး
တစ်ယောက်လိုပင်.....။
အိပ်ရာထစမို့ဖောင်းဖောင်းလေး
နဲ့အဆီတဝင်းဝင်းဖြစ်နေတဲ့ငယ့်
မျက်နှာကအသည်းတယားယား
ဖြစ်ချင်စရာလေး....။
ဖြစ်ညစ်ချင်စရာလေး....။
ငယ်သာကလေးလေးတစ်
ယောက်ဆိုရင်သူကောက်ပွေ့ပြီး
တစ်မျက်နှာလုံးကိုတပြွတ်ပြွတ်
နဲ့နမ်းပစ်လိုက်ပြီးပြီ....။
ခုကကျ....အင်း...သည်းခံရမှာ
ပေါ့လေ....။
အဲဒါနဲ့ခေါင်းလုံးလုံးလေးက
ဆံပင်ကိုပဲဖွလိုက်သည်...။
YOU ARE READING
မင်း!...[COMPLETED]
Fanficသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...