ဆိုးလ်မြို့ရဲ့တိုက်ကြိုတိုက်ကြား
တစ်နေရာ...။
အချိန်ကားညဆယ့်တစ်နာရီနီးပါး..။"ဘယ်မှာလဲ ပစ္စည်း.."
အနက်ရောင်အနောက်တိုင်းဝတ်စုံပြည့်
နဲ့လူငါးယောက်အနက်ခေါင်းဆောင်
ဖြစ်ဟန်တူသောရှေ့ဆုံးမှဝဖိုင့်ဖိုင့်
နဲ့လူကသူ့ရှေ့ရှိသံပုံးအဟောင်းတစ်ခု
ထက်ဂျစ်ကန်ကန်ထိုင်နေသောအနက်
ရောင်အမျိုးသားထံသို့ပြောသော
စကား....။"ဟက်....အေးဆေးပေါ့.."
ထိုသို့ပြောအပြီးအနက်ရောင်အမျိုးသား
ကအင်္ကျီအတွင်းအိတ်ထဲကနေ
တစ်စုံတစ်ခုအားပစ်ပေးလိုက်၏..။
တစ်ဖက်မှဝဖိုင့်ဖိုင့်နဲ့လူကလည်း
သူ့ထံအရှိန်နဲ့ပစ်ဝင်လာတဲ့စက္ကူထုပ်ကို
လက်တစ်ဖက်တည်းဖြင့်ကျွမ်းကျင်စွာ
ဖမ်းယူကာ ထိုအဝါရောင်စက္ကူထုပ်ထဲမှ
ပစ္စည်းအားစစ်ဆေး၏...။
ထို့နောက် အနက်ရောင်အမျိုးသားအား
မျက်လုံးလှန်ကြည့်ကာ.."မင်းပစ္စည်းက ယုံလို့ရရဲ့လား.."
ဝဖိုင့်ဖိုင့်နဲ့လူကမသင်္ကာတဲ့အထာနဲ့
ပြောတော့စိတ်ထဲတင်းခနဲ..။
ဟက်...ဒီလိုအထာတွေလောက်တော့
အိုဆယ်ဟွန်းကရိုးအီနေပြီ...။
ပစ္စည်းကိုမမှန်ဘူးပြောမယ်...
ပြီးရင်တန်ရာတန်ကြေးမပေးဘဲ
အချောင်ယူပြေးမယ်...။
ဟက်....ကလေးအထာတွေနဲ့
အိုဆယ်ဟွန်းကိုသွေးတိုးစမ်းလို့ရမယ်
ထင်သလား...။" ထွီ!.."
အချိုကုန်သွားပြီဖြစ်တဲ့ပါးစပ်ထဲမှ
ပီကေကိုခပ်ပြင်းပြင်းထွေးထုတ်လိုက်
သည်....။
သံပုံးဟောင်းတစ်ခုပေါ်ခပ်လျော့လျော့
ထိုင်နေရာမှထရပ်လိုက်ပြီး.."ဟက်.. အဲဒီလိုပြောနေတဲ့မင်းက
ရောပစ္စည်းကိုဝယ်ချင်တာမှန်ရဲ့လား.."စကားဆုံးတော့မျက်နှာကွက်ခနဲပျက်
သွားတာကိုမြင်လိုက်သေးသည်..။"ကလေးအထာတွေနဲ့ငါ့ကိုလာမစမ်း
ချင်စမ်းပါနဲ့ကွာ..."သူတို့ရဲ့အကြံကိုလူမိသွားပြီဖြစ်၍
သူ့လူတွေကိုမျက်ရိပ်ပြကာလစ်ခနဲ
ထွက်ပြေးသွားသောထိုလူ...။
ထိုလူထွက်သွားတာနှင့်
ကျန်ခဲ့တဲ့လေးယောက်ကကျွန်တော့်ကို
စတင်တိုက်ခိုက်တော့သည်..။
ပြေးဝင်လာတဲ့ဝတ်စုံပြည့်လူရဲ့
ရင်အုံတည့်တည့်ကိုအားနဲ့ဆောင့်ကန်
ပစ်လိုက်သည်...။
မြေပြင်ပေါ်ဘိန်းခနဲပစ်လဲသွားတဲ့
ထိုလူကတော်တော်နဲ့ထနိုင်တော့မှာ
မဟုတ်..။
နောက်ထပ်ဝင်လာတဲ့တစ်ယောက်ကို
လက်လိမ်ချိုးလိုက်ကာမျက်နှာတည့်
တည့်သို့တံတောင်နဲ့နှစ်ချက်လောက်
ဆင့်ထုလိုက်သည်...။
ကျန်တဲ့နှစ်ယောက်ကိုဘေးတစ်ဖက်
တစ်ချက်စီကနံရံတွေဆီအားနဲ့ပစ်တွန်း
လိုက်တော့ခွေလဲကုန်ကြတာ
ထကိုမလာတော့...။
YOU ARE READING
မင်း!...[COMPLETED]
Fanficသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...