"လူနာက...နဂိုကတည်းက
အဆုတ်အားမကောင်းဘူး...
ခုကကျယောင်ပါယောင်နေတာ
ဆိုတော့.....
ကြည့်ရတာအသက်ရှူရခက်တာ
တွေလည်းရောပြီး..သတိမေ့
သွားတာဖြစ်မယ်...""တအားအခြေအနေဆိုးတာ
လား...မင်ဟော့..."မင်ဟော့ဆိုတဲ့ဆရာဝန်လေးက
သူ့ရဲ့သူငယ်ချင်းပါ...။
သူတို့လိုအလုပ်လုပ်နေသူတွေကဘယ်အချိန်မှာဘယ်လိုဒဏ်ရာ
မျိုးရမလဲဆိုတာမသိနိုင်လို့
သူ့အိမ်တော်ထဲမှာတင်ဆေး
ပစ္စည်းစုံစုံလင်လင်ရှိသည်လေ..။
ဒီတစ်ချက်ကငယ့်အတွက်
တော်တော်အဆင်ပြေသွား
တယ်ပြောရမယ်...။
မဟုတ်ရင် ငယ့်အခြေအနေ
ဘယ်လိုဖြစ်နေမလဲဆိုတာ
မတွေးရဲစရာပဲ....။"တအားတော့မဟုတ်ပေမယ့်
ဂရုတော့စိုက်ပေးပေါ့...ဂရုမစိုက်
ရင်အခြေအနေကတော်တော်ဆိုး
သွားနိုင်တယ်....ငါစမ်းသပ်ကြည့်
ရသလောက်ကတော့ ဒီကလေးရဲ့အဆုတ်တစ်ခြမ်းကအခြေ
အနေသိပ်မဟန်ဘူး...ဒါပေမယ့်
တအားလည်းစိတ်ပူမနေပါနဲ့...
အဆုတ်ဆိုတာ တခြမ်းတည်းနဲ့
လည်းလူကအသက်ရှင်နေနိုင်
တာပဲလေ...."မင်ဟော့ကတော့သူ့ရဲ့ပုခုံးတစ်
ဖက်ကိုဆုပ်ကိုင်ကာအားပေး
ပေမယ့် သူကတော့စိတ်ဘယ်
အေးနိုင်လိမ့်မတုန်း..။
ခု...ငယ်ကအောက်ဆီဂျင်ပိုက်
တွေနဲ့လှဲနေတဲ့အနေအထားကို..။
မင်ဟော့ပြန်သွားတော့သူ
ကုတင်ဘေးမှာထိုင်ရင်းငယ့်ရဲ့
လက်ကလေးကိုဆုပ်ကိုင်လို့
အောက်ဆီဂျင်ပိုက်အောက်က
မျက်နှာဖြူဖြူလေးကိုကြည့်နေ
မိသည်....။
နေကောင်းအောင်နေပါ..ငယ်.
ရယ်...။
ငယ်..ဒီလိုလှဲနေရင်ကိုယ့်ရင်တွေ
ပူလွန်းလို့ပါ...။<•><•><•><•><•><•><•>
"ဟင်...ငယ်!.."
ငယ့်ကိုစောင့်ပေးနေရင်းအရေး
တကြီးဖုန်းလာခဲ့တာမို့...သွား
ပြောပြီးပြန်လာတော့ငယ်က
သတိရနှင့်နေပြီး ထတောင်ထိုင်
နေပြီ...။"ငယ်...သက်သာလား...လှဲနေ
တာမဟုတ်ဘူးကွာ...ဘာလို့
ထ.ထိုင်နေတာတုန်း.."ငယ့်ကိုပြောရင်းကုတင်ဘေး
ကခုံလေးမှာဝင်ထိုင်တော့ ငယ်
ကပြုံးပြတယ်...။"ငယ်သက်သာပါတယ်..အစ်ကို
ကလည်း...""အောက်ဆီဂျင်ကရော?...
ငယ် ဘာလို့ဖြုတ်ပစ်တာလဲ..
လိုသေးတယ်မဟုတ်လား.."
![](https://img.wattpad.com/cover/247690443-288-k242697.jpg)
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...