ဆိုးလ်မြို့ရဲ့သာယာလှသော
နံနက်ခင်းတစ်ခုဝယ်...။
ဂင်ဂျွန်မြောင်တစ်ယောက်မှာ
လည်းသီချင်းလေးညည်းရင်း
အိပ်ရာပေါ်အပုံလိုက်ဖြစ်နေတဲ့
စောင်တွေကိုခေါက်ကာ
တက်ကြွလျက်ရှိသည်...။
ဒီတလောထဲသူနဲ့အိုဆယ်ဟွန်း
ကတော်တော်အဆင်ပြေနေ
တဲ့အခြေအနေပါ...။
သူ့ကိုတွေ့ရင် ခါတိုင်းလို
အော်လွှတ်တာမျိုးတွေကျွန်တော်
မလုပ်တော့ဘူး..။
မလုပ်တော့ဘူးဆိုတာလည်း
သူနဲ့အပေးအယူလုပ်ထားတာရှိလို့ပါ။
သူကစပြီး ဒေါက်တာလေးမ
ကြိုက်တာတွေကိုမ.စတော့ပါဘူး
ဆိုတော့ကျွန်တော့်ဘက်က
ဒီလောက်တော့အလျှော့ပေးသင့်
တယ်မလား..။"တင်!"
တွေးရင်း ခေါက်ရင်းလုပ်နေရင်းမှ
စာဝင်လာတဲ့ဖုန်းကြောင့်အသိပြန်
ကပ်လာသည်...။
ခေါက်ပြီးသွားပြီဖြစ်တဲ့စောင်ကို
ခြေရင်းမှာထားကာစားပွဲပုလေး
ပေါ်ကဖုန်းကိုယူကြည့်လိုက်
သည်..။"မောနင်းပါ ဂျွန်မြောင်"
ဖုန်းစခရင်ထက်ကစာတို
လေးအားဖတ်အပြီး ရင်ထဲ
လှိုက်ခနဲဖြစ်သွားခြင်းနဲ့အတူ
နှုတ်ခမ်းတွေကလည်း
မရည်ရွယ်ပါဘဲပြုံးလျက်သား...။
ခပ်မြန်မြန်ပဲ စာတချို့ကိုရိုက်ကာ
တာဝါတိုင်ကြီး ဆိုတဲ့ထို contect ထံသို့ပို့လိုက်သည်..။"မင်းရောပဲ"
ရည်းစားတွေလို morning kiss တွေဘာတွေတော့မ
ဟုတ်ရပါဘူး...။
ဒါပေမယ့် မနက်တိုင်း မောနင်းလို့ဂရုတစိုက်ပြောပေးတဲ့အမျိုးသားတစ်ယောက်ဂျွန်မြောင့်ဘဝ
ထဲကိုမထင်မှတ်ဘဲဝင်ရောက်လာ
ခဲ့ပါတယ်...။
နှစ်ယောက်သားဆက်ဆံရေးကလား...။
ရည်းစားတော့မဟုတ်ပေမယ့်
သူငယ်ချင်းလားဆိုတော့လည်း
အဲဒီထက်ပိုနေပြန်တယ်...။
မရေရာမသေချာတဲ့ဆက်ဆံရေး
ပါပဲ...။
ဟိုမရောက်ဒီမရောက်ပေါ့..။°°°°°
ညိုမှိုင်းနေတဲ့ကျွန်းတံခါးချပ်ကြီး
ရဲ့နောက် အခန်းကျယ်ထဲရှိ
အသက်ငါးဆယ်အရွယ်
လူကြီးတစ်ယောက်ကဆေးတံ
ကိုပါးစပ်မှာတေ့လျက်ကျွန်းထိုင်ခုံ ကြီးရဲ့ကျောမှီမှာမှီထားသည်မှာ
ခန့်ထည်လျက်...။
YOU ARE READING
မင်း!...[COMPLETED]
Fanficသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...