အိုဆယ်ဟွန်းအိမ်မှာလာနေမည့်ကိစ်စ
ကိုလက်မခံချင်ပေမယ့် အဲဒီနေ့ကကိစ်စ
တွေကြောင့်သူလက်ခံလိုက်ရသည်..။Hyung ကိုတော့ တစ်ခုခုအဖြစ်မခံနိုင်ပါ။
အဲဒီအစား အိုဆယ်ဟွန်းကိုအိမ်ပေါ်ခေါ်တင်
ထားတာကမှ ဟုတ်ဦးမည်ဟုသူတွေး
သဖြင့် အခုအိုဆယ်ဟွန်းတစ်ယောက်
သူတို့အိမ်ပေါ်ကိုရောက်နေပြီဖြစ်သည်...။ခုနေ့ကတော့ သူတို့အိမ်မှာလူစုံတက်စုံ...။
Hyung တို့အတွဲရယ်...အစ်ကိုမင်ဟို
ရယ် သူရယ်...။Hyung ရယ် အိုဆယ်ဟွန်းရယ်က
မီးဖိုချောင်မှာချက်ပြုတ်နေကြပြီး
သူနဲ့ အစ်ကိုမင်ဟိုက ခြံထဲမှာ.....။
သူကအ၀တ်စ
တစ်ခုနဲ့သူ့ဆိုင်ကယ်ကိုဟိုသုတ် ဒီသုတ်နဲ့
သ နေခြင်းဖြစ်ပြီး အစ်ကိုမင်ဟို က
မြက်ခင်းပြင်ပေါ်ထိုင်ကာ ဖုန်းသုံးနေခြင်း...။ခနကြာတော့ အစ်ကိုမင်ဟိုကဖုန်းကို
အိတ်ကပ်ထဲထည့်ပြီး ခေါင်းကိုဘယ်ပြန်
ညာပြန်စောင်းလို့ အညောင်းဖြေနေပုံရ
သည်.....။
ပြီးနောက်...ထိုင်နေရာကထကာ သူ့ဆီ
လျှောက်လာ၏....။"အစ်ကိုကူရဦးမလား....ဂျုံအင်..."
"ရတယ် အစ်ကိုမင်ဟို....ကျွန်တော့်ဘာသာ
လုပ်ပါ့မယ်...."သူထိုသို့ပြောလိုက်တော့ အစ်ကိုမင်ဟိုက
ဘာမြှပန်ပြောမလာတော့....။
ခနအကြာမှသာ....."အင်း.....ငယ်တို့နှစ်ယောက်ကတကယ်
လိုက်ဖက်နေတာပဲ...."ပြတင်းပေါက်ကတဆင့်အိမ်ထဲကိုကြည့်ရင်း
အစ်ကိုမင်ဟိုပြောတော့ သူလဲဆိုင်ကယ်
သုတ်လက်စနဲ့ကြည့်ဖြစ်လိုက်သည်....။မီးဖိုပေါ်ကဟင်းရည်အိုးကိုမြည်းစမ်းကြည့်
နေတဲ့သူ့အစ်ကိုရယ်....ကြက်သွန်လှီးနေ
ရင်းက တကယ့်ကိုကြည်နူးသည့်အရိပ်
အယောင်တွေပျော်ဝင်နေတဲ့မျက်ဝန်းနဲ့
သူ့အစ်ကိုကိုလှမ်း လှမ်းကြည့်နေတဲ့
အိုဆယ်ဟွန်းရယ်.....။အင်း.....
အဲလိုကျတော့လဲ သူတို့နှစ်ယောက်ကိုနဂို
ကအတင်းလိုက်ခွဲနေတဲ့ သူကလူဆိုးကြီး
လိုလို....။အတွေးနဲ့အတူ ဂျုံအင်နှုတ်ခမ်းရွဲ့လိုက်မိ
သည်....။
အစ်ကိုမင်ဟိုကိုကြည့်တော့ တကယ့်ကို
ဆွေးမြည့်နေတဲ့မျက်ဝန်းတွေနဲ့ အိမ်ထဲကို
ကြည့်လို့နေသည်....။
အစ်ကိုမင်ဟိုကသူ့အစ်ကိုအပေါ်ခံစားချက်
လက်ကျန်လေးတွေမကုန်သေးဘူးထင်ပါ
သည်....။
![](https://img.wattpad.com/cover/247690443-288-k242697.jpg)
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...