ဆယ်ဟွန်းရယ်...ဂျုံအင်ရယ်...မင်ဟိုရယ်...
သုံးယောက်သားကကိုယ်စီကိုယ်စီလေးလံတဲ့
စိတ်တွေနဲ့ ခွဲခန်းရှေ့မှာရှိနေကြသည်....။သူတို့ဘက်မှာကံတရားကရှိနေတယ်ထင်ပါ
တယ်....။
ဂျွန့်ကိုလက်လွှတ်လိုက်ရပြီဆိုပြီး....
သူတို့တွေယူကျုံးမရဖြစ်နေချိန်မှာ...ဆရာဝန်
တစ်ယောက်ကရောက်လာပြီး...အလှူရှင်
တွေ့ပြီဖြစ်ကြောင်းပြောလာတယ်....။ရောက်လာပြီးမှ ဂျွန့်အခြေအနေကိုတွေ့သွားတဲ့ဆရာဝန်က ဂျွန့်အနားအမြန်ရောက်လာကာစမ်းသပ်ကြည့်တဲ့အခါ....အချိန်မှီသေး
တယ်...ခွဲခန်းအမြန်ဝင်ရမယ်လို့ဆိုတယ်....။အဲဒီအချိန်မှာ လမ်းပျောက်နေတဲ့သူလမ်းစ
ရှာတွေ့သလိုပဲ သူ့အတွက်မျှော်လင့်ချက်
ကလေးတွေဖြတ်ပြေးသွားတာကိုခံစားမိ
လိုက်တယ်...။ဂျွန်ကသူ့ဆီကိုသေချာပေါက်ပြန်လာမယ်ဆို
တာကိုသူအကြွင်းမဲ့ယုံတယ်...။
ဒါပေမယ့်...သူကံကြမ္မာကြီးကိုမယုံဘူး...။အခုချိန်....သူ့ရင်ထဲမှာအပူမီးတွေစီးဆင်း
နေသလိုပဲ....။
ဂျွန့်ကိုယုံပေမယ့် ကံကြမ္မာရဲ့အဆုံးအဖြတ်
ကိုတော့မလွန်ဆန်နိုင်တာမို့...သူ့ရဲ့
နောက်ဆုံးအားကိုးရာ...ဘုရားသခင်ဆီကိုသာတိုင်တည်ပြီးအကြိမ်ကြိမ်ဆုတောင်း
နေမိတယ်....။ကျေးဇူးပြုပြီး...ဂျွန့်ကိုအသက်ဆက်ရှင်ခွင့်
ပေးပါ....ဘုရားသခင်....။ဘုရားသခင်ကသူ့ကိုသနားသောအားဖြင့်...
သူ့ဆန္ဒတွေကိုဖြည့်ဆည်းပေးခဲ့တယ်....။
ဂျွန် ကလေးနာရီနီးပါးလောက်....ကံကြမ္မာနဲ့
အတိုက်အခံလုပ်ခဲ့ပြီး...နောက်ဆုံးမှာသူ့ဆီကိုအရောက် ပြန်လာခဲ့တယ်....။တစ်ပတ်အကြာ.... ဂျွန့်ရဲ့မျက်ဝန်း
တောက်တောက်လေးတွေကိုပြန်မြင်
လိုက်ရချိန်မှာ...သူဟာ..ကမ္ဘာပေါ်မှာ
အပျော်ရွှင်ဆုံးလူသားပဲ....။
အပိုဆုအနေနဲ့ ဂျွန့်ရဲ့အားအင်ဖျော့တော့တဲ့
အပြုံးကိုလက်ဆောင်ရလိုက်ပြီးနောက်
သူ့ဘဝကြီးကလုံးဝပြီးပြည့်စုံသွားပြီ...။ကိုယ့်ဘဝရဲ့ပထမဦးစားပေး...။
ဒုတိယဦးစားပေး....။
တတိယဦးစားပေး ကဂျွန်ပဲမို့လို့....။
![](https://img.wattpad.com/cover/247690443-288-k242697.jpg)
YOU ARE READING
မင်း!...[COMPLETED]
Fanficသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...