လက်ထဲကဖုန်းကိုကြည့်ပြီး
ဆယ်ဟွန်းအတွေးများနေရ
သည်..။
သေချာပြောနိုင်တာတစ်ခုက
ဂျွန်မြောင်သူ့ကိုခုချိန်မှာ..စိတ်ခု
သွားပြီ....။
အဲဒီတစ်ခုတော့အသေအချာပဲ...။
သူကိုယ်တိုင်ကလည်းလုပ်ချင်
လွန်းအားကြီးလို့လုပ်ခဲ့တာမှ
မဟုတ်ဘဲ....။
အခြေအနေအရဘယ်လိုမှ
မတက်သာတော့လို့သာ..သူအဲဒီ
လိုလုပ်ခဲ့ရတာ....။
သူရိုက်လိုက်လို့ဂျွန်မြောင်ရဲ့
သွေးတစ်စက်မြေခတိုင်းသူ့
နှလုံးသားလေးလည်းဆတူညီမျှ
ပဲနာကျင်နေခဲ့တာပါ...။
သူအဲဒီအချိန်မှာအဲဒီလိုသာမလုပ်
ခဲ့ရင်...ခုချိန်မှာဂျွန်မြောင်သေ
သွားလောက်ပြီ....။
သူ့ရဲ့ရွေးချယ်မှုကိုဂျွန်မြောင်
နားလည်ပေးနိုင်မှာပါ....။
ဂျွန်မြောင်က သဘောထားပြည့်
ဝတဲ့ကောင်လေးတစ်ယောက်ပဲမို့။သို့လော....သို့လော..ဖြည့်တွေး
နေရပေမယ့်..ဂျွန်မြောင်
ပါးစပ်ကနေငါမင်းကိုနားလည်
ပေးပါတယ်ဆိုတဲ့စကားကို
မကြားရမချင်းသူစိတ်အေးနိုင်မှာမဟုတ်ဘူး...။
ဂျွန်မြောင်ကလူတိုင်းအပေါ်
သဘောထားပြည့်ဝစွာနဲ့ဆက်ဆံ
တတ်တာကိုသူသိတယ်....။
သူ့အပေါ်လည်းပဲ...ဂျွန်မြောင်က
တစ်လျှောက်လုံးသဘောထား
ပြည့်ဝခဲ့တာ....။
သူနဲ့ဂျွန်မြောင်တွေ့တဲ့အချိန်တွေ
မှာဂိုဏ်းကခေါ်လို့ဂျွန်မြောင့်ကို
တစ်ယောက်တည်းထားခဲ့ရတဲ့
အကြိမ်ကမနည်းမနော....။
အဲဒီလိုအချိန်တွေတိုင်းဂျွန်မြောင်
ကသူ့ကိုအပြုံးလေးတစ်ပွင့်နဲ့
နားလည်ပေးတယ်....။
ဂျွန်မြောင်ကအဲဒီလိုကောင်လေး
ပေမယ့်....ဒီတစ်ကြိမ်မှာတော့
သူစိတ်လေးနေမိတယ်...။
ဒီတစ်ကြိမ်သူဂျွန်မြောင့်အပေါ်
ကျူးလွန်ခဲ့တဲ့ကိစ္စက သေးသေး
မွှားမွှားလေးမှမဟုတ်ဘဲ...။
အခန့်မသင့်ရင်ဂျွန်မြောင့်အသက်
တောင်ဆုံးရှုံးသွားနိုင်လောက်တဲ့
အပြစ်ကိုသူကျူးလွန်မိထားတာ..။
ခွင့်လွှတ်ဖို့မထိုက်တန်တဲ့အပြစ်
ဖြစ်ပေမယ့်...သူအတ္တကြီးစွာပဲ
ဂျွန်မြောင် ခွင့်လွှတ်ပေးဖို့ကို
မျှော်လင့်နေမိတယ်....။°°°••°°°••°°°••°°°••°°°••°°
ငယ့်အခြေအနေကတော်တော်
သက်သာလာပြီပြောရမယ်...။
ပုလင်းကြီးတော့ခုချိန်ထိချိတ်
ထားရတုန်းဆိုပေမယ့်အကူမပါ
ဘဲနဲ့လမ်းလျှောက်နေနိုင်ပြီ...။
သတိရပြီးကာစ လေးရက်
လောက်အထိငယ်က
တစ်ယောက်ယောက်အကူအညီပါမှလမ်းလျှောက်နိုင်တာ..။
အဲဒါကြောင့်သူ့မှာဘာအလုပ်မှ
တောင်မလုပ်နိုင်ဘဲ တစ်ချိန်လုံး
ငယ့်အနားပဲနေပြီး....လိုအပ်တာ
တွေလိုက်လုပ်ပေးနေရသည်..။

YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...