လူနာတွေကိုသာလိုက်ကြည့်ပေးနေ
ရတာလူကသိပ်အဆင်ပြေတာမဟုတ်.။
တစ်ကိုယ်လုံးကနုံးချိနေပြီး
ခနခန ချောင်းဆိုးနေသည်....။
ချောင်းဆိုးရလွန်းလို့လည်းလည်ချောင်း
တွေကနာနေပြီ...။"ဟုတ်ကဲ့ ဒီဆေးတွေကုန်သွားရင်
ကျွန်တော့်ကိုအကြောင်းကြားပါ....
အဟွတ်..."လူနာရှေ့မှာမထိန်းနိုင်ဘဲချောင်းဆိုး
မိသွားတာမို့တံတောင်နဲ့အမြန်ကွယ်
လိုက်ရသည်...။
သိပ်မဟန်တော့ပြီမှန်းသိလိုက်ပြီမို့
လည်းလူနာကိုပြုံးပြကာ
နှုတ်ဆက်စကား
ဆိုခဲ့ရင်းထွက်လာလိုက်သည်....။"ဒေါက်တာဂင်...ဆေးရောသောက်ပြီး
ပြီလား.....တစ်မနက်လုံးချောင်းတွေ
ဆိုးနေတာကို..."နောက်နားကနေဖိုင်တစ်ခုပိုက်ရင်း
ခုနကတည်းက တောက်လျှောက်ပါ
လာတဲ့နာ့စ်တစ်ယောက်ကစိုးရိမ်ဟန်
ဖြင့်သတိပေးလာ၏...။"ကျွန်တော် မနက်ကဆေးသောက်ခဲ့
ပါတယ်..""ဒါဆိုရင်လည်းနားလိုက်ပါဦး
ဒေါက်တာဂင်...ခုကဒေါက်တာ့နားချိန်
မဟုတ်လား...""ဟုတ်....ဒါဆို ကျွန်တော်သွားနား
လိုက်ဦးမယ်.."°°°°°
နားနေခန်းရောက်တော့ကုတင်ပေါ်
လှဲချကာမျက်လုံးမှိတ်လျက်ကိုယ့်
အသက်ရှူနှုန်းကိုဆန်းစစ်နေမိသည်..။
စက္ကန့်အတော်ကြာဆန်းစစ်ပြီး
သည်အထိပုံမှန်အတိုင်းပဲမို့လို့
စိတ်သက်သာရာရကာ ဘေးနားက
စောင်ကိုဆွဲခြုံရင်းတစ်ဖက်စောင်း
အိပ်လိုက်သည်....။'Girl I'm your candy..."
မျက်စိမှိတ်ရုံရှိသေး...ဖုန်း ringtone
သံကြောင့်ထ ထိုင်ကာဘေးက စားပွဲ
ပေါ်ရှိဖုန်းကိုယူကြည့်လိုက်သည်...။
ဖုန်းမျက်နှာပြင်မှာပေါ်နေတဲ့
Contect name ကအငယ်
ကောင်...။
ကြည့်ရတာ ဂျုံလုံးစိတ်ပူလို့ဖုန်းဆက်
သည်ထင်ပါသည်...။"ဟယ်လို..."
တစ်ဖက်မှကြားလိုက်ရတဲ့ဖျော့တော့
တော့အသံကြောင့်ဂျုံအင်စိတ်ပူ
သွားရသည်....။
Hyung ခုထက်ထိမသက်သာသေး
ဘူးလား...။
YOU ARE READING
မင်း!...[COMPLETED]
Fanficသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...