ညိုမှိုင့်နေသည့်ကျွန်းသားကြမ်းခင်းကြီးက
ဖန်သီးတွေတွဲလွဲခိုနေတဲ့ဝါကျင်ကျင်မီးဆိုင်း
ကြီးရဲ့မီးရောင်အောက်မှာပြောင်လက်လို့
နေသည်...။
နံရံ ၊ကြမ်းခင်း ၊မျက်နှာကြက် မှစလို့
ပရိဘောဂတွေအထိကျွန်းသားအတိသုံးထား
ကာအခန်းတစ်ခုလုံးကညိုမှိုင့်လို့နေသည်..။
လက်ရာမြောက်လွန်းတဲ့ပန်းပုတွေထုလုပ်ကာအလှဆင်ထားသောကျွန်းသားတံခါးချပ်
ထူထူသည်ထုထည်နှင့်မျှမလိုက်အောင်
အသံတစိုးတစိမထွက်ဘဲဖြေးညင်းစွာပွင့်လာ၏...။
ထို့နောက် ပြောင်လက်နေတဲ့ရှူးအနက်ရောင်
တစ်စုံရဲ့ခြေသံတွေကတိတ်ဆိတ်နေတဲ့
အခန်းကျယ်ကြီးထဲမှာတဒေါက်ဒေါက်...။
ကျွန်းစားပွဲကြီးတစ်ခုရဲ့ရှေ့မှာတုံ့ခနဲရပ်လိုက်
ကာကျောပေးထားတဲ့ဆုံလည်ကုလားထိုင်
ထက်ရှိနေမည့် Mr ထံရောက်နေကြောင်း
အသိပေးလိုက်သည်..။"Mr ကျွန်တော်ရောက်ပါပြီ.."
ဆုံလည်ကုလားထိုင်ကိုဖြေးညင်းစွာ
လှည့်လာတဲ့ Mr ကလက်တစ်ဖက်မှာ
အငွေ့ထောင်းထောင်းထနေတဲ့ဆေးတံတစ်ခု
ကိုကိုင်လျက်....။
စူးရှတဲ့အကြည့်တွေနဲ့သြဇာညောင်းမယ့်
ဥပတိရုပ်ကိုပိုင်ဆိုင်ထားတဲ့ Mr ဟာ
အသက်ငါးဆယ်ကျော်ပြီဖြစ်တဲ့လူကြီး
တစ်ယောက်...။
ဆေးတံကိုနှုတ်ခမ်းမှာတေ့ကာဖွာလိုက်တော့
အခိုးအငွေ့တွေကလေထဲမျောပါပျောက်ကွယ်
သွားသည်...။"မင်းမနေ့ကအချိန်မှီမရောက်ဘူး ဆယ်ဟွန်း"
မျက်အိမ်တွေထဲတည့်တည့်ကြည့်ရင်းမေး
သောမေးခွန်းမမည်တဲ့မေးခွန်းတစ်ခု..။
အချိန်မှီမရောက်တဲ့အကြောင်းကိုတိုက်ရိုက်
မေးခြင်းမဟုတ်ပေမယ့် Mr လိုချင်တဲ့အဖြေကအဲ့ဒီအဖြေ..။
အဲဒီလိုအချိန်တိုင်း Mr ရဲ့သစ္စာခံတွေဖြစ်တဲ့
ကျွန်တော်တို့က Mr အလိုကျဖြေပေးရစမြဲ...။"မနေ့ညက ကျွန်တော်အလစ်တိုက်ခံရပါ
တယ်....အဲဒါကြောင့်အချိန်မှီမရောက်တာပါ."Mr ကဆေးတံကိုနှုတ်ခမ်းမှာတေ့လျက်
ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း...
YOU ARE READING
မင်း!...[COMPLETED]
Fanficသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...