မင်ဟို တစ်ယောက်ဒီတလောထဲမှာ
အလုပ်တွေလုံးချာလည်နေခဲ့လို့ ပင်ပန်း
နေတာဖြစ်သည်...။
ခုနေ့တော့... စိတ်ပြေလက်ပျောက်လဲဖြစ်..
အိမ်တော်မှာ တစ်ချို့ပစ္စည်းတွေလဲဝယ်စရာ
ရှိနေတာမို့...တစ်ယောက်ထဲဈေးဝယ်
ထွက်ဖို့အတွက် မြို့ထဲထွက်လာနေခြင်း
ပင်...။အရင်ကလိုဆိုရင်တော့ ငယ့် ကိုပါအပါခေါ်
ပြီးသွားဖြစ်မှာဆိုပေမယ့်...ခုတော့
အခြေအနေတွေကမတူတော့ဘူးလေ...။
ငယ် လဲသက်ဆိုင်သူရှိနေပြီဆိုတော့
သူစိတ်ရှိတိုင်း သွားခေါ်နေလို့မဖြစ်တော့ဘူး...။ကားမောင်းနေရင်း လူသွားလမ်းပေါ်က
တစ်စုံတစ်ယောက်ကိုမြင်လိုက်တော့
သူ့နှုတ်ခမ်းတွေတွန့်ချိုးသွားရသည်.. ။ဂျုံအင်!..။
ကားကိုထိုလူသွားလမ်းလေးဘေးမှာ
ထိုးရပ်လိုက်သည်....။
ကားပေါ်ကဆင်းပြီး ဂျုံအင်ဆီလှမ်းသွား
ကာ....."ဂျုံအင်..."
သူခေါ်လိုက်တော့ ကျောပိုးအိတ်အနက်
ရောင်လေးလွယ်ထားတဲ့ ကောင်လေးက
လှည့်ကြည့်လာသည်....။
မျက်နှာကလဲစူပုတ်လို့...။သူ့ကိုလဲ မြင်ရော...နဂိုစူပုတ်တဲ့မျက်နှာက
ပိုတောင် ပုတ်သွားသေးသည်ထင်...။"ဆိုင်ကယ်လဲမပါဘဲနဲ့ ဘယ်သွားမလို့လဲ.."
ပြောလိုက်မှပဲ မျက်မှောင်ကြီးကျုံ့ကာ
နှုတ်ခမ်းကပါစူလာသေးသည်....။
ဝါး.....ဒီဂင်ညီအစ်ကိုတွေက တအား
နှုတ်ခမ်းစူကြတာပဲ....။
သူ့အစ်ကိုဆိုရင်လဲ တစ်ခုခုစိတ်တိုင်း
မကျတာရှိရင်ဖြစ်ဖြစ်...တစ်ခုခုကို
အာရုံစိုက် နေရင်ဖြစ်ဖြစ်အဲလိုပဲ နှုတ်ခမ်း
ကစူလာတတ်တာ....။အဟား...ဘာပဲဖြစ်ဖြစ်..အဲဒီနှုတ်ခမ်းစူ
တတ်တဲ့အကျင့်ကချစ်ဖို့ကောင်းတာတော့
ဝန်ခံရပါမယ်...။"အိမ်ပြန်မလို့....သူငယ်ချင်းအိမ်မှာစာစု
လုပ်ကြတာကို ပြန်မယ်ဆိုမှဆိုင်ကယ်က
ထ ပျက်တာ....အဲဒါကြောင့်..."သူ့ကိုပြန်ပြောတဲ့ အသံကနည်းနည်းတောင်
ဆူအောင့်ချင်ချင်...။
အဲတော့ သူ့ဆိုင်ကယ်ပျက်သွားလို့
ခြေလျင်ပြန်ရတဲ့အတွက် စိတ်တိုနေတာ
ပေါ့လေ....။
မထင်ရပါပဲနဲ့....ဒီကောင်လေးလဲ
ကလေးဆန်သားပဲ...။
YOU ARE READING
မင်း!...[COMPLETED]
Fanficသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...