ဆိုးလ်မြို့မဆေးရုံကြီးရဲ့နေ့လည်စာ
စားချိန်မှာဆိုရင် ဆေးရုံရဲ့ကန်တင်း
ကြီးကအမြဲဆရာဝန်တွေ နာ့စ် တွေနဲ့
စည်စည်ကားကားဖြစ်နေကျပင်...။
အခုလည်း ခါတိုင်းလိုပဲဆေးရုံ
ဝန်ထမ်းတွေနဲ့စည်စည်ကားကား
ဖြစ်နေကာကန်တင်းတစ်ခုလုံးက
ဇွန်းသံ ခက်ရင်းသံတွေရဲ့ဖုံးလွှမ်းခြင်း
ကိုခံထားရသည်....။
ထိုအသံတွေကြားထဲမှတစ်ချက်
တစ်ချက်ထိုးထွက်လာတတ်သည်က
နာ့စ်တစ်ချို့ရဲ့တီးတိုးစကားပြောသံ
တွေ...။"ဟဲ့ ဟဲ့ နင်တို့ကြားမိကြလား."
"ဘာကြားမိရမှာလဲ... နင်ကလဲ
အစမရှိအဆုံးမရှိနဲ့..""အာ...နင်တို့ကလဲတုံးပါ့...
ခုတလောမြို့ထဲမှာမှောင်ခိုဂိုဏ်းသား
တွေတအားခြေရှုပ်နေကြတယ်တဲ့..""အဲဒါငါတို့နဲ့ဘာဆိုင်လဲ..."
"ဆိုင်တာပေါ့...ခါတိုင်း မှောင်ခိုကိစ္စ
တွေဆိုရင်မြို့ပြင်တွေမှာပဲအရောင်း
အဝယ်လုပ်ကြတာမလား....
ခုကမြို့ထဲမှာတင် ထင်ထင်ပေါ်ပေါ်
လုပ်နေကြပြီတဲ့.."ထိုနာ့စ်လေးရဲ့စကားဆုံးတော့ကျန်တဲ့
နာ့စ်တွေကအံ့သြတကြီးနဲ့..။"ဟယ် သူတို့အဲ့လောက်ရဲပါ့မလား..
မြို့ထဲမှာဆိုရင်မျက်စိတွေနားတွေက
နေရာတိုင်းမှာရှိနေတာပဲကို...""အမယ်လေးလေး...သူတို့တွေ
အဲလောက်တုံးကြပါ့မလား...
တိုက်ကြိုတိုက်ကြားတွေထဲကလမ်း
ကြားတွေမှာအရောင်းအဝယ်လုပ်ကြ
တာတဲ့လေ..""အေ ဟုတ်တယ်....ငါတောင်ခုမနက်
ဆေးရုံကိုလာတော့ကြားခဲ့သေးတယ်..
မနေ့ညကဆေးရုံနဲ့သိပ်မဝေးတဲ့
လမ်းကြားထဲမှာဂိုဏ်းသားတွေကို
ဖမ်းမိတယ်တဲ့....ကြားတာတော့
သူတို့တွေတိုက်ခိုက်ခံထားရတယ်ထင်
တယ်ဆိုပဲ...အကုန်လုံးကဒဏ်ရာတွေ
နဲ့တဲ့....""ဆိုလိုချင်တာကဟာ.....
သူတို့တွေကမြို့ထဲအထိကျူးကျော်လာ
ပြီဆိုတော့ငါတို့တွေလဲသတိထားသင့်ပြီ
လို့ပြောတာ..."
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...