34 (u/z)

1.2K 33 3
                                    

"သီရိ သည်ဂါဝန်က အရမ်းover ဖြစ်မ​နေဘူးလား"

"အိုးး.....လူကုန်ထံအသိုင်းဝိုင်းထဲသွားရမှာပါဆို ဘာလဲ စပန့် ဂါဝန်နဲ့ ပွဲတတ်ခြင်လ်ို့လား"

"​ကောင်မ​နော်.....​ပြောခြင်တာကဟာ ဂါဝန်က အရမ်းတိုလွန်းဘူးလား ​အောက်ပိုင်း​အေးလိုက်တာ ငါအ​အေးဓါတ်မခံနိုင်တာ နင်သိပါတယ် ပြီး​တော့ သွားရလာရ တာ ​အောက်စလွတ်​နေသလိုကြိီး နွဲ့နွဲ့​နှောင်း​နှောင်း​တေမ​နေတတ်ပါဘိနဲ့"

" အို့.....ဒီတညပဲကို လှခြင်သည်းခံရမှာပဲ......ဂါဝန်က ဒူးဖုံး​နော် ​ခြေမျက်စိထိဖုံးတဲ့ ဟာဝတ်ခြင်တာလား ​နောက်မှ အစနင်းမိပြီးလူကြားထဲ​မှောက်ခုံလှဲ​နေမှ ရှိစုမဲ့စုသိက္ခာ​တေ​ရေစုန်​မျှောကုန်မယ် ......ကယ်ပြီပြီး ........အမ​လေးလှလိုက်တာ......."

သီရိတ​ယောက် စိတ်ရှည်လက်ရှည်ဖြင့် မိတ်ကပ်လိမ်းခြယ်​ပေးရင်း မျက်စိပွင့်နားပွင့်မရှိလှသည့် မိမိသူငယ်ချင်းမကို ဗျစ်​တောက်ဗျစ်​တောက် ဆူ​ငေါက်​နေကာ အလှပြင်​​ပေးနေသည်မှာလဲလက်မလည်နိုင် ​နောက်ဆုံး နှုတ်ခမ်းဖူးဖူး​လေးကို အနီး​ဖျော့​လေးဆိုး​ပေးကာ သူမစိတ်နှစ်ကာ ပြင်​ပေးထားသည့် သူငယ်ချင်းမ မှာ ထင်တာထက်ပိုလှပ​နေ​​သဖြင့် ​ကျေနပ်ပီတီဂွမ်းဆီထိကာ မိမိကိုယ်ကိုယ်ကို ချီကျူးမဆုံးဖြစ်​နေ၏

"ငါ​ပြောတာ​တေမှတ်ထား​နော် လုံးဝ over confidence အပြည့်နဲ့​နေ ဘသူမှ​ကြောက်စရာမလိုဘူး ငါရှိတယ်"

"အွင့်...."

စီးပွား​ရေး လုပ်ငန်းရှင်ကြီး​တေရဲ့ မိတ်ဆုံးစားပွဲဖြစ်သဖြင့်သီရိ​ရော ဖိတ်ကြားခံထားရ​သော​ကြောင့် သူမပါတနာအဖြစ် လိုက်ခဲ့ခြင်းဖြစ်ကာ လူကြားထဲ သူမ ​ဇော​ချွေးအနည်းငယ်ပြန်လာတာ ဒူးတုန်ရင်တုန်ဖြစ်လာ၏ သီရိလက်​မောင်းကိုတင်းကြပ်စွာဖက်တွယ်ထားရင်း ရင်ထဲ ​ဗြောင်းဆန်​နေ​အောင် စိတ်လှုပ်ရှား​နေ​ပေမဲ့ သီရိ​ကြောင့် အနည်းငယ်စိတ်သက်သာရာရခဲ့သည် လူစိမ်း​တေအကြည့် လူစိမ်း​တေ စကားလာ​ပြောတာ​တေကို သီရိက​တော့ ရာယ်​မောကာ ​ပေါ့ပါးသည့် ဌက်​မွှေး​လေးလိုပင် ​ပေါင်းသင်းဆက်ဆံ​ရေး သိပ်​ကောင်းသည့် သီရိကို အထင်ကြီးအားကျမိသည် မိမိကိုလဲ မိတ်ဆက်​ပေး​ပေမဲ့ လူစိမ်း​ကြောက်တတ်သည့် သူမ သီရိလက်​မောင်းကိုဆိတ်ကာ အချက်​ပေးရင်း ​ဘေး​ရှောင်ဖယ်​ရှောင်ဖယ်နှင့် သီရိမှာ ထိပ်ထားဆွဲ​ခေါ်ရာ​နောက် အူ​ကြောင်​ကြောင်ဖြင့်ပါသွားခဲ့သည်

မြူဆိုင်း (Unicode+zawgyi)Where stories live. Discover now