60 (u/z)

1.3K 15 1
                                    

   " ဟူးးးး ပျင်းလိုက်တာ​နော်......ဟူးး "

ဆိုဖာ​ပေါ်တွင် သတင်းစာ ဖတ်​နေသည့်သူ,    မကြားကြား​အောင် တမင်ညည်းပြ​နေ​သော ​ကောင်မ​လေးကို မျက်ခုံးပင့်ကာ တချက်ကြည့်လိုက်သည် သူ့ကိုမျက်​စောင်းထိုးလိုက် နှုတ်ခမ်း​စူလိုက်ဖြင့်  မ​ကျေမနပ်ဖြစ်​နေ​သည့် သူမ ဘာဖြစ်ခြင်​​နေတာလဲဆိုတာ သိ​နေပါပြီ     ​နေမင်းသတင်းစာရွတ်ကို​ခေါက်ချိုးညီ​အောင်​ခေါက်လိုက်ပြီး​နောက် မျက်မှန်ချွတ်ကာစာပွဲ​ပေါ်တင်လိုက်ပြီး  

"  ​က​လေး...ဘာ​တေစိတ်အလိုမကျဖြစ်​နေ​တာလဲကိုယ့်ကို​ပြော "

" တ​နေ့တ​နေ့အိမ်ထဲမှာကြီးပဲ​နေ​နေရတာ ...."

"အွန်း....ဒါဆိုခြံထဲလမ်း​လျှောက်ကြမယ်​လေ"

"ဟားးးး......​လျှောက်ခြင်ပါဘူး "

" ဒါဖြင့် သက်ပြင်းတချချနဲ့ ဘာ​တေဖြစ်"

"ဒီလို   ....ဦးရဲ့ .....ဟို....​shopping ​လေးဘာ​လေးများ​ထွက်ရင်​ကောင်းမလားလို့ပါ "

"​ကောင်းသားပဲ ကိုယ်လိုက်ပို့မယ်​လေ သွားကြတာ​ပေါ့"

ထိပ်ထား တခနမျှ​တွေ​ဝေ​နေပြီ​နောက်

"ဟင့်အင်း....မသွားခြင်​တော့ဘူး"

"​ဟော်ဗျာ....ဒီ​ကောင်မ​လေးနဲ့​တော့ခက်ပြီ"

"ဟွန့်  .......ဘာလဲ......ဦးကငြိုငြင်တာလား "

"​ဟော်...."

"အင်း​ပေါ့​လေ ..... မချစ်​တော့တာသိပါတယ်"

"လုပ်ပီ....."

​နေမင်း လက်ပိုက်ကာ သူမကိုအကဲခက်သလိုကြည့်​နေသည်ကို ထိပ်ထား ​ပေ​စောင်း​စောင်းဖြင့်ကြည့်ရင်း

" အရင်လို   တီတီတာတာ​လေး​တေ​တောင်မ​ပြောခြင်​တော့ဘူး   အမြဲရှစ်​ခေါက်ချိုးမျက်နာကြီးနဲ့ မချစ်​တော့တာသိတယ်"

"​ဟော်ဗျာ.....မဟုတ်ပါဘူးက​လေးရာ"

​တည်ငြိမ်​နေ​သော ​နေမင်း မ​နေနိုင်မထိုင်နိုင်ဖြစ်သွားကာ သူမအား ​ပွေ့ဖက်ရန်လက်လှမ်းလိုက်သည်ကို သူမ ပုတ်ချလိုက်ပြီး ​အောက်နှုတ်ခမ်းကိုခပ်ဖိဖိကိုက်ထားလျှက် မျက်ရည်များပြိုကျလုမတတ်ပင်
​နေမင်းသူမ ​နောက်​ကြော​လေးကို ခပ်ဖွဖွပုတ်​ပေးရင်း   က​လေးတ​ယောက်ကို​ချော့မြူသလို ချိုသာစွာစကားဆို​လေသည်

မြူဆိုင်း (Unicode+zawgyi)Where stories live. Discover now