"ကျွီး......"
ညနက်နေပြီးမို့ တံခါးဖွင့်သံနှင့်အတူ မီးအလင်းရောင် အခန်းထဲသို့ထိုးရောက်လာသဖြင့် အိပ်မောကျနေသော ထိပ်ထား လန့်နိုးလာကာ
"ဟင်.....ဦး....ဘာလို့ဝင်လာ....အု...အွင်း...."
သူမ အပေါ်မှခွဖိထားကာသူမသေးသွယ်လှတဲ့ လက်နှစ်ဖက်ကို နေမင်း လက်တဖက်ဖြင့်ချုပ်ထားပြီးကျန်တဖက်ဖြင့် သူမ ပါးပြင်းကိုဖျစ်ညစ်ထားကာ ဖိနမ်းလိုက်သည်
"အားး....."
"ဘုန်း...ဘုန်း.....ဘုန်း....နှာဘူး....နှာဘူးကောင်...."
"ကလေး ကိုယ့် လျှာ ကိုက်တယ်"
နေမင်းတျောက် အကိုက်ခံရတဲ့အပြင် ခေါင်းအုံးနှင့်ပါ အထုထောင်းခံနေရသည်
"အရက်နံ့တေ နံဆော်နေတာပဲ ......ဦး အရမ်းအကျင့်ပုတ်တယ်"
"ကလေး.....ကိုယ်ဒီနေ့ပျော်တဖက်မပျော်တဖက်ကြီးဖြစ်နေတာနော်"
"ဘာလို့လဲ"
" တဖက်က ကိုယ်လုပ်ငန်းခွဲ တခုဖွင့်နိုင်ခဲ့လို့ပျော်....တဖက်က ကိုယ်ကလေးလေး ကိုယ့်ကို စိတ်မကြည်လို့မပျော်တာကွာ ကလေး .....ကိုယ့်ကို ပြစ်မထားပါနဲ့တော့ကွာ......နော်"
" ဘသူက ပြစ်ထားလို့လဲ ...... သူပဲ သူများကိုစိတ်ညစ်အောင်လုပ်ပြီးရင် ချော့လဲမချော့ဘူး ပြစ်ထားပြီးတော့များ....."
"ဟားးးး......ကလေး....ကိုယ် တပတ်လုံး အာပေါက်မတတ်ချော့နေတာလေ"
"ဟွင့်...."
အိပ်ယာပေါ်တွင် ခြေပစ်လက်ပစ်ကားယား အိပ်နေသော နေမင်းကို မျက်စောင်းဖြင့်ကြည့်ကာ....နောက် လက်မှသွေးစများကိုမြင်လိုက်သောကြောင့် လန့်သွားကာ နေမင်းလက်ကို အမြန်ကောက်ကိုက်ကာ သေချာပွတ်သပ်ကြည့်လိုက်သည်
"ဟင်.....သွေး....ဦး လက်က သွေးတေ ဘလိုလုပ်"
"အဒါက....."
"ကြည့်ပါအုံး ပွန်းပဲရာတေ ပုလင်းကွဲစတေရော.....ကလေး...ဆေးသတ္တာသွားယူလိုက်အုံးမယ်နော်"