Unicode
နေမင်း ထိုချာတိတ်မစကားကြောင့် သူမကို မိနစ်အနည်းငယ် စိုက်ကြည့်နေမိသည်
"ဟက့်.......ခင်ဗျားကလဲ ကျုပ်က စတာပါ "
"အော်.....အလိုလား......"
"ဒါပေါ့ ခုမှတွေ့တဲ့သူစိမ်းကို ဘာကြောင့်လက်ထပ်ခြင်ရမှာလဲ.....ခင်ဗျား ရှော့ဖြစ်သွားတာမို့လား လုံးဝ ' စွံအ' သွားတာလေ အဟက့်"
"ကိုယ် အတွေးထဲ plane တေများကြီးချနေလို့ပါ"
"ဘလိုတေ....."
" အချိန်တန်ရင်ပြောမှာပေါ့"
"ကျွစ့်.....အလို စကားကိုကုန်အောင်မပြောတဲ့သူတေ အမြင်ကပ်စရာကောင်းတယ်"
"အို့....."
စကားတေဖောင်ဖွဲနေအောင် ပြောပြီး သူကျောင်းတတ်တုန်းက အလွဲတေဘလိုလုပ်ခဲ့တာ သူငယ်ချင်း ဂျင်းထည့်တာ ဘလိုခံခဲ့ရတာတေရော ဟာသတေပြောပြနေသော နေမင်းကြောင့် ထိပ်ထား အထီးကျန် ခြင်းကနေ နွေးထွေးလာသည် စိတ်ပျော်လာသည်
" မင်း ပြုံးလာပြီ " ထိပ်ထား ရုပ်တရက် ပြန်တည်လိုက်ပြီး
"မပြုံးပါဘူး ဘာတေပေါက်တတ်ကရပြောနေမှန်းမသိဘူး ယောက်ကျားကြီးဖြစ်ပြီး စကားပေါချက်ပဲ"
နေမင်း ထိပ်ထားကို ပခုံးခြင်းတိုက်လိုက်ပြီး
" နည်းနည်းတော့ အပျင်းပြေသွားတယ် လုပ်လိုက် "လူကောင်သေးသွယ်သော ထိပ်ထား ဘေးသို့ယိုင်လှဲမလိုဖြစ်သွား၍ နေမင်း ထိပ်ထားကိုယ်လေးကို ဖမ်းဆွဲလိုက်သည် ထိုလူနေမင်း ရဲ့ကျစ်လှစ်လှသော ရင်ခွင်တွင် ထိပ်ထား ကိုယ်လေး မြုပ်သွားသလိုပင် ဖြစ်သွားသည် လူဆိုးမလေးရင်ခုန်သံ ဗြောင်းဆန်သွားပြီး ပါးမို့မို့လေးမှာရဲတွတ်၍ ကိုယ်တေပူဖျားခြင်လာသလိုဖြစ်၍နေချေပြီ ရုတ်တရက်ဆိုသလိုပင် ထိုလူထံမှ မထင်မှတ်ထားသော ....
သူမနှုတ်ခမ်းဖူးဖူးလေးနွေးခနဲ့နေသွားခဲ့သည်"ဟင် ...ခင်.....ခင်ဗျားကြီး ......"
"ပြန်ဆုံမယ်နော် ကလေး" သူမလက်ဖမိုးလေး ထပ်မံ နမ်းရှိုက်ပြီးထွက်သွားသည်