" ပြည်သူ့ဆေးရုံ သားဖွားမီယပ် ဆရာဝန်မကြီးတဦး တရားမဝင်ဆေးပြားများကုန်သွယ်မှုကြောင့် လိုင်စင်သိမ်း ဖမ်းစီးခံရ....ဟင်.....ဘုရား..ဘုရား....ပညာတတ်တေလဲ ကြောက်စရာကောင်းလိုက်တာနော် "
" အွန်း......"
မနက်ခင်းသရေစာစားနေချိန် မြင်လိုက်ရတဲ့ သတင်းကြောင့် ထိပ်ထား အံ့သြကာ ဝိုး ဝါး ဖြစ်နေပေမဲ့ နေမင်းမှာ အေးဆေးတည်ငြိမ်နေလျှက်ပင်
နီလာရောက်လာပြီး ဆေးသောက်ရန်သူမထံရောက်လာစဥ်"ကလေး သောက်လိုက်........"
"အာ.....ကလေးမှာ တခြားသောက်စရာဆေးတေ"
" ကိုယ်အကုန်လွှင့်ပစ်လိုက်ပြီး သည်နေ့ကစပြီး ကိုယ် စီမံပေးတဲ့ ဆေးတေပဲသောက် ကိုယ်မပါပဲ ဘယ်ဆေးခန်းမှမသွားနဲ့ နော်"
"ဘာ.....ဖြစ်လို့လဲ"
ထိပ်ထား ဆူပုတ်သွားကာ စိတ်ထဲစနှိုးစနှောင့်ဖြစ်နေ၏ နေမင်း သတင်းစာရွတ်ကို....ခေါက်ကာ စာပွဲပေါ်ပြန်တင်ထားလိုက်ပြီး နီလာလက်ထဲမှ ဆေးတေယူလိုက်ကာ
"ပါစပ်ဟ....."
"အာ......"
"ရေသောက်.....လိမ္မာတယ် "
"ဘာဆေးတေလဲ"
" ကိုယ်ခံအားတိုးဆေးလေ ..."
"ဖွီး......ဦး" ထိပ်ထားရေသောက်ရင်း သီးသွားကာ မျက်လုံးလေးကလည်ကလည်ဖြင့်
"ဟက့်...ဟား...ဟား....ဟား.... သည်တိုင်း အားဆေးသက်သက်ပါ ကလေးရာ.....ဟား..ဟားး...."
ဦးက အသံထွက် ရာယ် ခဲတယ် တခါတရံ အေးစက်စက်အပြုံးတုတေ နဲ့ နွေးထွေးတဲ့အပြုံးတေ ပဲပေးတတ်တာ ခုနောက်ပိုင်း ဦးရာယ်သံကို ထိပ်ထားသဘောကျတယ်စိတ်အေးချမ်းသွားသလိုပဲ လူငယ်ဆန်ဆန်လွတ်လပ်ပြီပျော်ရွှင်စွာ ရာယ်မောတဲ့အသံ ကျမ သိပ်သဘောကျတယ်
နေတိုင်းဘယ်သွားသွားလိုက်နေသည့် သည်မိန်းမလေးကြောင့် ပျော်တဝတ် မပျော်တဝတ်ဖြစ်နေရသည့်နေမင်းတယောက် companyမှရှိသမျှယောက်ကျားသားတေအကုန်အလုပ်ထုတ်ပစ်ခြင်လာမိသည်
ရုံးခန်းတွင်း နေမင်း စာချုပ်စာတမ်းတေအသေးစိတ်ပြန်စစ်ဆေးနေစဥ် သီးချင်းလေး တညည်း ညည်းဖြင့် တင်ပါးထိရှည်လာတဲ့သူမဆံနွယ်တေကိုလှုပ်ခါရင်း စာအုပ်စဥ်တွင် မရှိသည့်ဖုံများကို မှန်ဘီလူးဖြင့် သေချာကြည့်ရင်းသုတ်နေကာ မြူးနေသော မိန်းမဖြစ်သူကိုကြည့်ရင်း ခေါင်းရမ်းကာ ပြုံးရာယ်လိုက်မိသည်
