57 (u/z)

1.4K 29 8
                                    

​နေမင်း ဆရာဝန်နှင့် ​​ဆွေး​နွေး​နေကြသည်မှာ တစ်နာရီတိတိပင်ကြာမြင့်လာ​လေသည် သူ့ဘဝမှာဒီ​လောက်ထိ​ရွေးချယ်ရခက်ခဲပြီး စိတ်မပင်ပန်းဖူး​ပေ
အချုပ်ဆိုရ​သော်  ထိပ်ထား ခွဲစိတ်တာ ​အောင်မြင်ခဲ့သည် သ​တင်း​ကောင်းလဲ ဖြစ်သလို သတင်း​ဆိုးလဲ ဒွန်တွဲ​နေပြန်​လေသည်

" က​လေး......​ရှေ့​ရှောက်ကိုယ့်က​လေး​လေး ပင်ပန်း​နေ​တော့မှာပဲ "

လူနာကုတင်​ပေါ်တွင်  ​ငြိမ်သက်စွာ အိပ်​မောကျ​နေတဲ့ ချာတိတ်မ​လေး နံဖူးစပ်ကို ခပ်ဖွဖွနမ်းရှိုက်ပြီး ​နေမင်းလက်တပြင်စာရှိ​သော သူမပါးပြင်ကိုအသာယာပွတ်သပ်​ပေးကာ မထိရက်မကိုင်ရက် ​ကြွေအိုး​လေးလို တယုတယပင်

" သည်​ကောင်မ​လေးကို ကျွန်​တော်အသဲစွဲ​အောင်ချစ်မိ​နေတာပဲ    က​လေးမင်းမရှိရင် ကိုယ်လုံးဝပြိုလဲသွားနိုင်တယ် သိရဲ့လား .......မင်းသ​ဘောနဲ့မင်း ကိုယ့်ဘဝထဲပါဝင်ပက်သက်လာခဲ့တယ်   မင်းမရှိပဲကိုယ်မ​နေနိုင်မှန်းသိခါမှ ကိုယ့်ကိုချန်သွားဖို့လုံးဝ မစဥ်းစားနဲ့ တမလွန်ဘဝထိ ကိုယ်မင်းကို ချုပ်​နှောင်ထားမှာ    ကိုယ်ကသိပ်အတ္တကြီးသလို  ကိုယ့်အ​ကြောင်းက​လေးမသိတာ​တေအများကြီးရှိ​သေးတယ်  နိုးလာပါ​တော့ကွာ "

  တပတ်တိုင်တိုင်သတိရမလာ​သေး၍ ​နေမင်း ညသ​ခေါင်တ​ရေးလန့်လန့်နိုးလာတတ်ကာ   သူမ အနားသို့ကပ်ရင်း နှာ​ခေါင်းနာလက်ညို​လေး ​တေ့လိုက်သည်

"ဟူးးးး......အသက်ရှု​နေ​သေးတယ်......."

"အွန်း.....​ရေ.....​ရေ....​ရေဆာတယ်"

​" ​ရေ.....ဟင်......က​လေး......"

"​ရေဆာတယ်"

"ဟုတ်ပီ.....ဟုတ်ပီ ......"

​နေမင်းအိပ်​ရေးပျက်ရက်များ​နေ​တော့အိပ်ခြင်မူးတူးဖြစ်လိုက် သတိကပ်လိုက်နှင့် ရေအမြန်ခပ်ယူကာ ပိုက်တပ်ကာ​သောက်​စေသည်  

"သက်သာရဲလား.....ဘလို​နေ​သေးလဲ.....ကိုယ်....ဆရာဝန်သွား​ခေါ်လိုက်အုံးမယ်​နော် ခန"

ထိပ်ထား ​နေမင်းလက်ကိုဖမ်းဆွဲလိုက်ကာ

"ဟင့်အင်း........ဦး ဘယ်မှမသွားနဲ့   ထိပ်ထားအနား​နေ​ပေးပါ​နော်.......ဘယ်မသွားပါနဲ့ .......ထားမသွားပါနဲ့"

မြူဆိုင်း (Unicode+zawgyi)Where stories live. Discover now