"ကလေး..."
"ဟဲ့.....အို...ထိပ်ထား.....ဒီကလေးမတော့လေ...."
"ကိုယ်....လိုက်သွားလိုက်မယ်"
" အိုခေ"
မိမိအသံကြားသည်နှင့်လှည့်မကြည့်ပဲ တန်းပြေးထွက်သွားသော အိမ်က မိန်းမကြောင့် နေမင်း မျက်နာ ဇီးရွတ်သာသာရှိတော့ကာ သိီရိမှာလဲ နှုတ်ခမ်းကြီးတင်းတင်းစိထားလျှက် ရာယ်ခြင်စိတ်ထိန်းနေဟန်ဖြင့်နေမင်းမှ အရှက်ပြေစကားပြောကာ ထိပ်ထားနောက်သို့ ပြေးလိုက်သွားသည်
*****ငါဘာလို့ ပြေးနေရတာလဲ.....ငါဘာလို့ထွက်ပြေးနေရတာလဲ.....ရှက်လိုက်တာ.....******
"ကလေး....."
"အို့......ဖယ်.....လွှတ်......"
နောက်မှခြေလှမ်းခပ်ကြဲကြဲဖြင့်လိုက်လာကာ ပြောရဆိုရခက်သည့် ထိပ်ထားကိုအကြမ်းပရမ်း ဆောင့်ဆွဲကာ ရင်ခွင်ထဲတင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်
" ကျစ်!.....ဒီမိန်းမကတော့ ကိုယ့်ယောက်ကျားအသံကြားတာနဲ့ဘာကြောင့်ထွက်ပြေးနေရတာလဲ"
"မ.....မသိဘူး....."
"ဘာ.....မသိဘူး.....ဟုတ်လား.......ကွာ.....ပါတီပွဲလာမယ်ဆိုလဲပြောရောပေါ့.....ကိုယ်နဲ့ကျ.....မလိုက်ခြင်ပဲ သီရိနဲ့ကျလိုက်လာတယ်......အခုလဲကြည့် ဘာလို့ ခန္ဓာကိုယ်အရမ်းဖော်တဲ့ အဝတ်စားတေဝတ်လာရတာလဲ မင်းကိုယ် မင်း အပျိုပေါက်လေး ထင်နေတာလား ဟမ်!"
"ဟင့်.....ဟင့်....ဟင့်.....မအော်ပါနဲ့.....ထိပ်ထားကို အလို စကားလုံးရင့်ရင့်သီသီတေမပြောပါနဲ့......အဟင့်.......ထိပ်ထားက......ထိပ်ထားက......"
"ကလေးရာ .....ကိုယ်အော်ဖို့ မရည်ရွယ်ပါဘူး......တောင်းပန်ပါတယ်.....မငိုပါနဲ့နော်.......ကျစ့်......အခုဟာကကွာ......ကိုယ့်မိန်းမအလှအရမ်းထင်ပေါ်နေတော့ သူစိမ်းကောင်တေ မျက်စိအရသာခံကြည့်တာ မလိုခြင်လို့ကွာ ဟုတ်ပြီးလား .......ကိုယ်သဝန်တိုတယ် အချစ်ရာ.......မင်းကိုသိပ်တန်ဖိုးထားမြတ်နိုးလွန်းလို့......နှမြောလွန်းလို့ ဝန်တိုမိတာ ကိုယ့်အပြစ်လား ပြောစမ်း ထိပ်ထား"