" ချယ်ရီ ဒီနေ့ ဘာဟင်းစားခြင်လဲ စျေးသွားရမယ်ထင်တယ် အိမ်မှာဟင်းချက်စရာတေကုန်ပြီ"
ခြင်းတောင်းကိုင်ကာ မီးဖိုချောင်မှထွက်လာတဲ့ ထိပ်ထားကို ချယ်ရီ ငြိမ်သက်စွာကြည့်နေရင်း လက်ယက်ခေါ်ကာ
"လာထိုင်ပါအုံး......"
"ဘာလဲ.....စျေးသွားရအုံးမယ်"
"လာပါအုံးဆိုနေ......."
"ဟွန်း ကယ်ပြောပြောဘာလဲ......"
သင်ပြူးဖျာခင်းထားသည့်ပေါ်တွင် တင်ပြင်ခွေထိုင်ရင်း ချယ်ရီကိုစိတ်မရှည်စွာမေးလေ၏
"ထိပ်ထား.....သူငယ်ချင်း.....နင်ဒီမှာနေနေတာ တပတ်ကျော်နေပြီး အိမ်လဲမပြန်သလို အိမ်ကို ဖုန်းလဲမဆက်ဘူး ပုံမှန်ဆိုဦးနေမင်းကြီး ခေါင်းမီးတောက်ပြီး နာရီဝတ်ခြားဖုန်းဆက်နေမှာ ဟော....အခုဖုန်းလဲမဝင်ဘူး ငါ့ခြံဘေးမှာ ရစ်သီရစ်သီနဲ့.......တစ်နေကုန်နီးပါးစောင့်ကြည့်ခံနေရသလိုပဲ ......နင်ပြောစမ်းပါအုံး.....ဘာတေဖြစ်လာတာလဲ"
"အာ........ဘားမဖြစ်ပါဘူး ပုံမှန်ပါပဲ"
"မလိမ်နဲ့နော်.......ငါစိတ်ပင်ပန်းမှာဆိုးလို့ ဆင်ခြေဆင်လက်တေလာမပေးနဲ့ ယောက်ကျားနဲ့အဆင်မပြေဖြစ်ခဲ့တာလား"
"အွင်း........"
"ဘယ်ချိန်ထိသည်လိုနေဖို့စိတ်ကူးနေတာလဲ"
"ငါ.....ငါမသိဘူး"
"ဟူးးး....သွားစကားပြောလိုက်ပါဟယ်......အပြင်မှာဦးနေမင်းရောက်နေတယ် ........သူ့ခမျာနေ့တိုင်းနင့်မျက်နာမြင်ရဖို့ရောက်လာရှာတယ်.......ကလေးမဆန်ပါနဲ့ထိပ်ထားရာ"
"ဟာ.......မတွေ့ခြင်ပါဘူး.....သူ့ဘာသာ လာခြင်လာပေါ့အမြဲအလုပ်ရှုပ်နေတဲ့လူကြီးက ဒီလိုကျတော့လဲ အချိန်တေပေါနေလိုက်တာ တကယ်ပါပဲ"
"ဒီလိုအမြဲနေလို့မရဘူးလေ......ခနလောက်ဖြစ်ဖြစ်စကားပြောလိုက်ပါအုံးနော် ......သူ့ကားကြီးကထင်ပေါ်လွန်းတော့ရပ်ကွက်ထဲမှာပြောစရာတေဖြစ်ကုန်ပါအုံးမယ် နင်ပဲသွားဖြေရှင်းလိုက်ပါဟာနော်"