"ဘာ!!!!!!!!!!"
"ခုထိ မတွေ့ကြသေးဘူး ဟုတ်လား ဒီလောက်မြို့နယ်ကျဥ်ကျဥ်းလေးထဲမှာ မိန်းကလေးတယောက်ကိုရှာတာ အလောက်ခက်ခဲလား ပိုက်ဆံနှစ်ဆ ပိုပေးမယ်
လူအင်အားနှစ်ဆ ပိုတိုးပြီးရှာ မတွေ့မခြင်းပြန်မလာကြနက်....""ဟုတ်...ဟုတ်ကဲ့Boss"
ထောင်ထွက် လူမိုက်များ ကို ငွေပေးပြီးကြေးစားအငှားခေါ်ထားသည်သူရိမ်မှာ သူ့လက်ထက်ပွဲ နေ့ကတည်းကစ ထိပ်ထားပြောက်သွားသည်မို့ဟန်နီးမွန်းပင် မသွားလိုက်ရ ထိပ်ထားစိတ်နှင့်ပင် အရင်ရောဂါဟောင်းများထလာ၍ ညညတိုင်း သူ့ဘေးအိပ်နေသော မာယာကို စိတ်တိုင်းမကျတိုင်း ရိုက်နှက်နေမိသည် လက်ထက်ပြီးကတည်းကစ အိမ်ခွဲနေသည် ဘုတ်စုံကိုအကူဖြစ်ထားဖို့ မေမေကထားထားပေးသည်
" ကိုကိုရာယ်.....သူလဲ သူ့ဘဝနဲ့သူနေတော့မှာပေါ့လို့"
" ခွမ်း........"
လက်ထဲရှိအရက်ပုလင်းကို ကြမ်းပြင်သို့ပေါက်ချလိုက်သဖြင့် ဖန်ကွဲစများ မာယာခြေထောက်နားသို့လွှင့်စင်သွားသည်
" ဟင့်.....ကိုကို"
"ဒီလောက်လေးနက်မသေနိုင်ဘူး အပိုတေလာလုပ်မနေနဲ့ မင့်ဗိုက်ထဲက ကလေးသာရှိမနေရင် ငါမင့်ကိုသတ်ပြီးတာကြာပြီး .......တောက် ငါတို့နှစ်ယောက်ကြားထဲ မင်းဝင်မလာခဲ့ရင် ထိပ်ထားငါ့ရှိကထွက်သွားစရာအကြောင်းမရှိဘူး အခုတော့.......အခုတော့ကွာ ငါ့အသည်းနှလုံးတခုလုံးဖွစာကြဲကုန်ပြီး ........အဒါမင်းကြောင့်........ဟုတ်တယ် .....အဒါမင်းကြောင့်ပဲ .........သတ်မယ် ....ငါမင်းကိုသတ်မယ်......"
"ဟင့်အင်း.....ဟင့်အင်း....ကိုကို စိတ်ထိန်းပါနော်.....မာယာကိုထပ်မရိုက်ပါနက်တော့"
သူရိမ် ခါးပတ်ကိုဖြည်ချလိုက်ပြီး စာပွဲပေါ်သို့ခါးပတ်ဖြင့်တချက်ကြမ်းတမ်းစွာ ရိုက်သံပေးလိုက်သဖြင့်
မာယာ ကိုယ်ကောင်လေး တွန့်သွားကာ သွေးစို့နေသောခြေထောက်ဖြင့် အိပ်အပြင်သို့ထွက်ပြေးရန်ကြံလိုက်သည်"လာခဲ့စမ်း......"
"မ...မလုပ်ပါနဲ့ကိုကိုရာယ် .....မာယာကိုသနားပါနော်......"