ရောက်ကတည်းကစ တရှုံ့ရှုံ့ငိုနေတဲ့ ထိပ်ထားကိုကြည့်ရင်း သီရိသက်ပြင်းတချချဖြင့် ချော့လေ ပိုငိုလေပင် လွှတ်ထားပြန်ရင်လဲ တခုခုဖြစ်ပြီးမေ့လဲသွားမှာကြောက်နေရ၍ စောင့်ကြည့်နေရသည်
"ကယ်.....တော်ပါတော့ ချစ်ရာယ်.....ငါကိုယ်ချင်းမစာတတ်လို့မဟုတ်ပါဘူး နင်ဒီမှာငိုနေတာ နေ့တဝတ်နီးပါးရှိနေပြီ မေ့လဲနေလိမ့်မယ်"
"နင်မှ မခံစားဖူးတာကို.....အီး...ဟီး.....ဟင့်.....ဟင့်.....ငါ့ရင်ဘတ်တေအောင့်တယ်......ဟင့်.......ဟင့်....ဟင့်"
နှစ်သိမ့်စကားပြောတာတို့ တီတီတာတာလေးတေ တစက်မှမပြောတတ်သည့် သိီရိ ခေါင်းကို ဗျစ်တောက် ဗျစ်တောက်နှင့်ကုတ်လိုက်ရင်း အဖြေရှာနေကာ
"အော်.....မနေ့က မုန်တိုင်းရှိတယ်လေ ဦးနေမင်း တို့သွားတဲ့ဘက်မှာသစ်ပင်တေလှဲကျတာတေများတော့ လမ်းပိတ်နေတယ်ကြားတယ် ......သူ့ဖြေရှင်းချက်ကိုအရင်နားထောင်သင့်တယ်လေ အခုလိုကြီး....."
"တညလုံး ဟိုမိန်းမကြီးနဲ့အချိန်ကုန်နေမှာပေါ့ .....အီးး.....ဟီး....ဟင့်...."
"ဒါဆို ဦးနေမင်းနဲ့ အဲ့မိန်းမက....."
"ငါ ဦးကိုယုံတယ်"
"ဒါနဲ့များ ဘာလို့ထွက်လာခဲ့သေးလဲ အမိ"
"ဟို မိန်းမကို မယုံဘူး.......ဦးကို သူ့မာယာတေနဲ့ ဘလိုတေသိမ်းသွင်းမလဲဆိုတာတွေးမိရင်း ရင်နာတယ်....ဟင့်......ဟင့်"
"နင်ဒီလို ထွက်လာတော့ ဟိုမိန်းမတွက် အခွင့်ရေးပိုရသွားမှာပေါ့ဟဲ့.......အိမ်တော်ထိကပ်ပြီးနေရင်ဘယ့်နှယ့်လုပ်မလဲ နင်ပါးပါးနပ်နပ်တိုက်ခိုက်ရမယ် ထိပ်ထား.....ရှောင်ထွက်သွားလို့မရဘူး"
" ရွှတ့်....ငါအခုလဲတိုက်ခိုက်နေတာပဲဥစ္စာကို"
"ဘလို......မဟုတ်မှလွှဲရော နင် မပြန်ပဲနေဖို့ဆုံးဖြတ်ထားတာလား "
" မှန်တယ် .....မပြန်ဘူး.....ငါဦးရဲ့အကြောင်းပြချက် နားထောင်ရတာငြီးငွေ့နေပြီ.......အခု ငါဦးကိုတွန်းအားပေးရမဲ့အလှည့်ရောက်နေပြီး ဦးဘက်က ပြတ်ပြတ်သားသားမဖြေရှင်းမခြင်း ငါမပြန်ဘူး"