" မေမေ သိပ်ရှက်တာပဲ သမီးရာယ်.......သိပ်ရှက်တယ်.....သိရဲ့လား......အမိုက်မရဲ့ ....."
"ဟင့်....ဟင့်.....ဟင့်.....သမီး မောင့်ကိုလိုအပ်တယ်မေမေ......သမီးတွက်မောင်ရှိမှဖြစ််မှာ"
"တော်စမ်း.....လင်ကောင်းသားကောင်းရဖို့ ဘုရားကပေးတဲ့ဆုလာဒ်ကောင်းကောင်းချီးမြောက်ထားရက်နဲ့ ညည်းမို့ မိုက်လုံးကြီးပြီး ဟိုအကောင်နဲ့ဖောက်ပြန်တာလေ.....အပြစ်မရှိတဲ့ငါ့မြေးလူလားမမြောက်သေးတဲ့ငါ့မြေးလေးကို ညည်းပဲရက်ရက်စက်စက် ပြစ်ချခဲ့တာလေ.......အလိုရက်စက်တဲ့ညည်းလိုကောင်မကို မောင်နေမင်းက ဘယ်လိုနည်းနဲ့ဘယ်လိုစိတ်နဲ့ပြန်လက်ခံမတုန်း......ညည်းရဲ့ပညာတတ်ဦးနှောက်ကဘာတေတွေးနေတာလဲ .......ညည်း.....လူရော ဟုတ်သေးရဲ့လား......အ...အ....မလေး....."
"ဟင်....မေမေ......"
"မေမေကြီး......သတိထားပါအုံး......ဆေး.....ဆေး.....သောက်လိုက်အုံးနော်.....မေမေကြီး"
အသက်ခြောက်ဆယ်နီးနီးရှိပြီဖြစ်သောဒေါ်ဝတီ ဇရာကိုမလွန်ဆန်နိုင်တော့ပါ သူမ ဒေါသကြောင့်သွေးတိုးပြီးအိပ်ယာထဲဘုန်းဘုန်းလှဲနေရတော့သည် ရွာမှတူမအရင်းကိုအနားခေါ်ထားသည်မို့သာပင်သူမကိုပြုစုမဲ့သူရှိသည် သမီးရင်းဖြစ်သူငယ်စဥ်ကတည်းကအမွေပြတ်စွန့်လွှတ်ထားပေမဲ့ အချိန်ကြာလာတော့မိမိသွေးသား အရင်းအချာကို ကြာကြာစိတ်မဆိုးနိုင်ပါ နိုင်ငံခြားတွင်ဆယ်နှစ်ကြော်နေခဲ့ရာ ရုတ်တရက်ပြန်လာပြီး တောင်းပန်တာကြောင့် တစက္ကန့်မျှတွေဝေခြင်းမရှိပဲခွင့်လွှတ်ခဲ့သည် သို့သော် သူမ ပြန်လာခဲ့သည့် ရည်ရွယ်ချက်ကိုသိသော ဒေါ်ဝတီမှာ သမီးဖြစ်သူကိုတားမရပြုမရ ဆိုဆုံးမ၍မနိုင်အောင်ကိုဖြစ်နေပြီ နေမင်းကို မည်သို့နည်းလမ်းဖြင့်သုံးရသုံးရ မရရအောင်ပြန်ယူမယ်ဆိုတာ သူမသိသည်
"မေမေ......မေမေ.....သက်သာရဲ့လားဟင်"
" အေ.......ငါအသက်မသေသေအောင်ညည်းလုပ်နေတာပဲ မဟုတ်ဘူးလား"
"သမီးကို ခွင့်လွှတ်ပါမေမေရာယ်.....သမီး.....လိမ်မာပါ့မယ်နော်..... တခုပဲ......တခုပဲ....ကူညီပေးပါ.....မေမေသဘောအတိုင်းသမီးနေမှာပါနော်....နော် ....
မေမေ....နော်"
![](https://img.wattpad.com/cover/291630425-288-k999306.jpg)