..... ဒေါက်.......ဒေါက်.....ဒေါက်.......
ဒေါက်ဖိနပ်အသံနေအသံထားကို ကြားကတည်းကစ ဘသူလဲဆိုတာကြိုသိနေပါသည် computerထဲခေါင်းဝင်မတတ် လချုပ်စားရင်းတေစစ်နေတဲ့အတွင်းရေးမှူး ထိုခွာသံလိုလို အသံကြောင့် မျက်လုံးစုံမှိတ်ကာ နှုတ်ခမ်းရှုံ့လိုက်တွလိုက်ဖြင့် ပါးစပ်လေ့ကျင့်ခန်းလုပ်သည့်နှယ်.....
"ဒီမှာ......အထဲမှာမောင်ရှိတယ်မို့လား"
"ဟူးးး......ဟိုလေ.....ရှိပေမဲ့......"
"အော်....ရှိတယ်ပေါ့......."
"ဟယ်.....နေအုံး....မဝင်နဲ့....."
မေမီရင်တထိတ်ထိတ်ဖြင့် နောက်မှအပြေးလိုက်သွားကာ
" မောင်.......ဟင်......"
"Boss....Boss....Boss.....အဒါ သမီးတားတယ်နော်......တားထားတဲ့ကြားက "
" ဒါ...ဘာလုပ်နေကြတာလဲ........ ဘာ....ဖြစ်နေကြတာလဲ "
ခေတ်မာ ဒေါသတကြီးအော်ဟစ်ကာ...... ဒုန်းစိုင်းပင် နေမင်း ပေါင်ပေါ်ထိုင်နေသော ထိပ်ထားကို ရုတ်တရက် ဆောင့်ဆွဲချကာ တွန်းဖယ်လိုက်သည်
"ဟာ......ကလေး......"
" အ!!!"
"မင့်.......ဖြောင်းးးး"
ရိုက်ချက်ပြင်းထန်လွန်းလှတာကြောင့် ချာခနဲ့လည်ထွက်သွားကာ လှဲကျသွားသည်
မေမီ လဲ ပါစပ်ကိုလက်ဖြင့်အုပ်ရင်း လန့်ဖြတ်နေကာ မတ်တပ် သေနေသလိုပင် တုတ်တုတ်မှလှုပ်မလာ
"ကလေး........အစဥ်ပြေရဲ့လား......ကိုယ်.....ကိုယ်....."
ခုံဇောင်းနဲ့တိုက်မိသွားတာကြောင့် ထိပ်ထားနာကျင်စွာညည်းညူးရင်း မျက်ရည်များ ဝေ့ဝိုက်နေ၏ နေမင်းလက်မောင်းကို ပွေ့ဖက်ထားသည်
တဖက်တွင်မှု ခေတ်မာ မယုံနိုင်စွာ ယောင်ကိုင်းသွားသော သူမပါးပြင်ကိုဖိအုပ်ထားပြီး
"မ.....မောင်....ခေတ်မာကိုရိုက်တယ်.......မောင်ကလေ.......ခေတ်မာကို ရိုက်တယ် ......."
"မင်း တော်တော် အရေထူတဲ့မိန်းမပဲခေတ်မာ......အခုချက်ခြင်း ထွက်သွားစမ်း မေမီ......မေမီ......"