ထိပ်ထား သီရိလက်မောင်းကို ဖက်တွယ်ကာလိုက်လာခဲ့လေသည် အခန်းနံပတ်၃၄အခန်းကို တံခါးခေါက်လိုက်ကာ သီရိရဲ့ အသံပါဝါဖြင့်အသကုန်အော်ဟစ်နေတာကြောင့် တံခါးပွင့်လာပြီး အမျိုးသမီးတဦးမှာ အဝတ်အစားများကပိုကရိုဖြင့် ဖြစ်နေသည် လည်တိုင်တွင်လဲ မာကင်ရာများဖြင့်
"....ဟင်......ထိပ်ထား...မင်း....."
"ဘာမင်းလဲ......သူများယောက်ကျားကို အလောက်ငမ်းငမ်းတတ်လိုခြင်နေရလား......ဖြန်း......"
" အ့.....မင်းကဘသူလဲ.....ဘာကိစ္စနဲ့ရိုက်...."
"ဖြန်း.....ဖြန်း...."
ခါးပတ်နက်ရရှိထားသော သီရိထံမှ အရိုက်ခံရ၍ ခေတ်မာ သောက်ထားသည့်အရှိန်ဖြင့် မေ့လှဲသွားလေသည်
ထိပ်ထားလဲထူပူကာ ဦးကိုပြေးရှာနေမိသည် အခန်းတွင်းပရိဘောဂ ပစ္စည်းများ ဖျက်စီးခံထားသဖြင့်ဖရိုဖရဲဖြစ်နေကာ ကုတင်ပေါ်တွင် အကျကြည်သီးများတပ်ဆင်ထားခြင်မရှိပဲ ထိုယောက်ကျားသား၏ ကျစ်လစ်လှသော ရင်ဘတ်မှ ကြွတ်သားတေကြားထဲ ချွေးတေရွဲစိုနေ၏ ဆံပင်တေဖရိုဖရဲဖြစ်နေပြီ ဆွဲဆောင်မှု အပြည့်အဝပင် ချောမော ခန့်ညှားမှုတစက်မှလျော့မသွားပေ လက်ပြင်နှစ်ဖက်စလုံး သွေးတေစီးကျနေကာ ကုတင်နံရံကို မှိီကာခပ်လျှောလျှောထိုင်နေရင်း အသက်ရန်ခက်ခဲနေသည့်အလားပင် မျက်လုံးများနီဆွေ့နေကာ လုံးဝမှိတ်မသွားအောင် တောင့်ခံထားသည်ဟူ၍ယူဆရပေမည်
"ဦး......."
"မ......လာ...နဲ့................."
"ထိပ်ထားပါ....ဦးရဲ့.....ကလေး ပါ.....သေချာကြည့်ပါအုံး"
"က.....လေး......"
" အွန်း.....ဦး....အိမ်ပြန်ရအောင်နော် "
"ကိုယ်.....ကိုယ့်တောင်းပန်......."
"ဟင်.....ဦး.....ဦး.....သီရိ .....ဦးဘာဖြစ်သွားတာလဲဟင်.......ဦး....ထလို့.....ဟင့်.....ဟင့်.....ဟင့်"
".......နင့်ယောက်ကျားဆေးခပ်ခံထားရတာပဲ .....အဟွန်း....ဘယ်ဆိုးလို့လဲ.....တောင့်ခံနိုင်သားပဲ ငါအရေးပေါ်ဆေးရုံးကားခေါ်ထားတယ် ခနနေရောက်လာလိမ့်မယ် စိတ်မပူနဲ့နော်......"