43 (u/z)

929 19 1
                                    

" ​​မောနင်း က​လေး......မွ"

ပန်းနု​ရောင်ပိူးသား ညအိပ်ဝတ်အကျနှင့်​စောင်ထဲ​ကွေး​နေ​သော ချာတိတ်မ​လေးဒီ​နေ့မှထူးထူးခြားခြား အိပ်ပုတ်ကြီး​တာ သူမ နံဖူးပြင်ကို ခပ်ဖွဖွနမ်းလိုက်ပြီး နှိုးလိုက်ရ​တော့သည်

"အွမ်းး.....ဦး ​စောကြီးရှိ​သေးတယ်မို့လား"

" က​လေး ဆက်အိပ်ခြင်အိပ်​လေ  .......ဒါနဲ့ဒီ​နေ့တ​နေကုန် က​လေးကိုပဲအချိန်​ပေးမှာမို့ ကြာကြီးအိပ်​နေရင် ဘယ်မှမသွားလိမ့်ရပဲ​နေမယ်​နော်"

" ဟုတ်သား......"

ထိပ်ထား ဆက်ခနဲ့ထ လာပြီး​ရေချိုးခန်းထဲအမြန်ဝင်သွား​တာ​ကြည့်ပြီး ​နေမင်း ​ခေါင်းရမ်းလိုက်ကာ ပြုံးရာယ်လျှက်ပင် .............

" က​​လေး.....အစားနည်းလှချည်လား ဘလိုဖြစ်ရတာလဲ"

" မသိဘူး ဦးရဲ့  ​နေလို့ကိုမလန်းဆန်းဘူး"

"အွင်းးး......ဒါဆို ကိုယ် ​​ဒေါက်တာကို ​ခေါ်လိုက်မယ်"

​နေမင်း ဖုန်းချက်ခြင်းထုတ်ပြီး  ဆက်မယ်အလုပ် ထိပ်ထားကလျှင်မြန်စွာတားလိုက်ကာ

"​နေပါ​စေ ဦးရဲ့ ညကအိပ်မ​ပျော်တာ​ကြောင့် အားယုတ်ခြင်သလိုဖြစ်​နေတာပါ ​ဆေး​တေရှိ​သေးတယ်​လေ ထိပ်ထား ​​ဆေး​သောက်ပြီးခနပြန်နားလိုက်ရင် သက်သာမှာပါ"

" ဒါများ က​လေးရာ ကိုယ်လာနိုးတုန်းက ​နေလို့မ​ကောင်းလို့ပါဆိုပြီး​ပြောရင်ပြီး​​ရော အမြန်ထ​ရေချိုးလိုက်​သေးတာ က​လေး​နေသိပ်မ​ကောင်းဘူးဆို​တော့ အိမ်မှာ​နေပြီးရုပ်ရှင်ကား​တေပဲကြည့်ရ​အောင်​နော် "

"ဟုတ်...."

" တီမြ ..........နီလာ​ရော"

"ရှင်....အယ်.....အဒါ..."

"​အော်.....ဟို မနီလာက ရွာခနပြန်သွားတယ်ဦးရဲ့ သူ့ အ​ဘွား ​နေမ​ကောင်းတာပြုစုဖို့လို့​ပြောသွားတာပဲ ဟုတ်တယ်​နော် တီမြ"

"​ဟုတ်...ဟုတ်တယ် ​မောင်​နေမင်းရဲ့ "

"​အော်.......လစာ​ရော​ပေးလိုက်​သေးလား  ခရီးစရိတ်​ရော "

"​ ပေးလိုက်တယ် ဦး "

တခါမှမလိမ်ဖူးတာမို့ မျက်လုံး​တေ ဂ​ရောင်​ခြောက်ခြားဖြစ်​​နေ​သော ထိပ်ထားကို အကဲခက်လိုက်ကာ တီမြကို တချက်ကြည့်လိုက်သည် အိမ်မှာ ဘာ​တေများဖြစ်သွားလို့ သူ့ကို ဖုံးကွယ်ခြင်​နေရတာလဲဆို စဥ်းစား​နေမိ သည့်​နောက် ......

မြူဆိုင်း (Unicode+zawgyi)Where stories live. Discover now