38 (u/z)

1.4K 33 5
                                    

" ချစ်မိန်းမ​​လေးယေ ကိုယ်အလုပ်သွား​တော့မယ်​နော်"

ဦး​ကြောင့်တညလုံး မအိပ်ရပဲ မိုးလင်း​ပေါက်မှစအိပ်​ပျော်သွားသည်မို့ဦးနှုတ်ဆက်တာကိုကြား​ပေမဲ့ ​ခေါင်းမ​​ထောင်နိုင်​လောက်​အောင်ကို ​ခြေကုန်လက်ပန်းကျ​နေတယ် သူကျ ညအိပ်​ရေးပြတ်ထားတာ​တောင် အားအင်အပြည့်နဲ့ .....ကျမ နံဖူးစပ်​လေးကိုထိ​​တွေ့ပြီး အ​နောက်က​နေကျမ ကိုယ်​ကောင်​လေးကိုသိမ်းကျုံးဖက်ထားရင်း ကျမ ဆံသား​တေကို နမ်းရှိုက်ကာအနားကပ်ပြီး တိုးညှင်းစွာပင် သူအလုပ်သွား​တော့မယ်လို့​ပြောပြီးထွက်သွား​တော့တယ်

"အရမ်းချစ်တယ်​​နော် ဦး"

အခန်းပြင်ထွက်ပြီးတံခါးအသာယာပိတ်​နေစဥ် ချစ်မိန်းမထံမှ အိမ်မက်​​ယောင်ရင်း​ပြောသံကိုကြားလိုက်ရပြီး​နေမင်းတ​ယောက် အ​ပျော်ကြီး​ပျော်​နေ​တော့၏

"တီမြ......က​လေး ကို ဂရုစိုက်​ပေးပါအုံး​နော် "

"​အေးပါကွယ်....."

ပိတ်ရက် ရှည်ခွင့်ရက်ယူရန် အလုပ်ကိစ္စ​တေ အမြန်လက်စသတ်​နေခြင်းဖြစ်သည် မိမိကိုယ်ပိုင် လုပ်ငန်းဖြစ်​​ပေမဲ့လဲ အထက်လူကြီးဖြစ်သူ ​ပေါ့​လျော့​နေလျှင် လက်​အောက်ငယ်သား​တေ အ​နေ​ချောင်ပြီး စိတ်ဓါတ်ပျက်ပြားသွားမှာလဲ စိုးရ​သေး အရင်ရက်က ကိစ္စ​တေ​ကြောင့် ရုံးဝန်ထမ်း​တေ ကြား သို့​လော သို့​လောဖြင့် ​ကောလဟာလ​တွေ့ပြည့်နှက်​နေသည်ကို ​နေမင်းပြန်ကြားရသည်အခါ ထိုအလုပ်သမားများကို အလုပ်ထုတ်ပစ်ကာ မလိုအပ်သည့် စကားလုံး​တေထပ်မဟမိ​စေရန် အကြီးအကျယ်ပိတ်ပင်းတားမြစ်​​လေသည်

ကျွန်​တော့်​ပေါ့​လျော့မှု​ကြောင့် က​လေးစိတ်ဒဏ်ရာ ရမည့်အဖြစ်မျိုးနည်းနည်း​လေးမှ အဖြစ်မခံနိုင်ပါ

"Boss.......Boss"

"​ပြော....."

"ဟို​လေ......ဟို..."

"​မောင်.....အမာပါ"

အစွဲလမ်းကြီးပြီး အတ္တကြီးလွန်းလှသည့် အမာအ​ကြောင်းကို ​နေမင်းသိထားသည်မို့ ​ခေါင်း​အေး​အေးထားကာ​ဖြေရှင်းရန်ဆုံဖြတ်လိုက်ကာ

မြူဆိုင်း (Unicode+zawgyi)Where stories live. Discover now