"သခင်မလေး ထိပ်ထားယေ အောက်ထပ်မှာ အရေးကြီးတဲဲ့ဧည့်သည်ရောက်နေတယ်" နီလာတျောက်ပြာယာပြာယာဖြင့် ပြောလာသောကြောင့်သူမကိုယ်တိုင်ပင်စိတ်လှုပ်ရှားစပြုလာသည်
"မနီလာ ဘသူများလဲ"
"ဟို......ဟိုလေ....."
"......."
" သခင်ကြီးရဲ့ မိခင်ပါ"
"ဟင်...........ဦးရဲ့မေမေ"
ထိပ်ထား စာအုပ်တေ သိမ်းဆည်းပြီး မှန်ရှေ့ရပ်ကာ အဝတ်တေသန့်သန့်ပြန့်ပြန့်ဖြစ်သွားအောင်လက်ဖြင့်သပ်လိုက်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်
"မဂ်လာပါ အန်တီ"
သူမကိုတိတ်တဆိတ်အကဲခက်နေကာ သောက်လက်စ ကော်ဖီခွက်ကိုအောက်သို့ဖြည့်ညှင်းစွာချလိုက်ပြီ အထင်မြင်သေးသောအကြည့်ဖြင့်ကြည့်ကာ
"ဟွင့် ငါ့သားမိန်းမ ဆိုလို လာကြည့်တာ အထင်နဲ့အမြင်နဲ့တခြားစီဖြစ်နေတာပဲ ဟွင့်"
"ရှင်...."
အရွယ်တင်၍ ကျက်သရေရှိလှသော ထိုအမျိုးသမီးကိုယ်ထည်ဝါမှာ ပတ္တမြား လက်စွပ်နှင့် စိန်ဘယက်တို့မှာ တဖြတ်ဖြတ်ဖြင့် လင်းလက်တောက်ပနေသည်
" ညည်း ကဘယ်ကလဲ .......မိဘတေရော.......အလုပ်အကိုင်ကရော......အဆင့်အတန်းကရော.......ဝင်ငွေ........"
"ဘာတခုမှဖြေစရာမလိုဘူး ကလေး အပေါ်တက်"
ရုတ်တရက်ရောက်ချလာ အသက်ပြင်းပြင်းရှုနေသည် ဦး ဒေါသထွက်ကာပြာယာခက်တာ ထိပ်ထား ဒီတကြိမ်သာမြင်ဘူးသည်
"ညည်းက ငါလာတာကို သားကိုလှမ်းတိုင်တယ်ပေါ့လေ"
"မဟုတ်......"
"ကလေး အပေါ်တက်"
"အ...ဟုတ်....ဟုတ်ကဲ့"
ထိပ်ထား အပေါ် ထပ်ကိုအမြန်ပြေးတက်သွားသည်နောက်
"ဘာကိစ္စနဲ့ ရောက်လာတာလဲ"
" ကိုယ့်သား မိန်းမ ယူတာ အမေတျောက်အနေနက်လာအကဲခက်တဲ့သဘောပါ မဂ်လာပွဲ မဖိတ်ပေမဲ့လဲလေ"
"ဟွင့်.....အခုကြတော့လဲ သားလို့သတ်မှတ်သွားပြန်ရောလား"
"သားရာယ်.....ခုချိန်ထိ မေမေကိုခွင့်မလွှတ်နိုင်သေးဘူးလား"