" ဒူးး.....ဒူးး.........ဒူးး..."
ဖုန်းvibrateအသံကြောင့် နေမင်း အာရုံတေလွှင့်သွားကာ contact name မှ ကလေး ဆိုသော နာမည်ကြောင့် အမြန်ကောက်ကိုင်လိုက်သည်
"ဦး......"
"ဗျာ့"
ညုတုတုဖြင့်အသံဆွဲခေါ်သော ချစ်ဇနီးကြောင့်မိမိပါသံယောင်လိုက်ကာပြန်ထူးလိုက်မိ
"ဟိုလေ......ထိပ်ထား ဦးကိုပြောစရာရှိလို့ "
"အွင်းး ပြောလေ ကလေး ကိုယ်နားထောင်နေတယ်"
" ဦးကို အရမ်းချစ်တယ်လို့ နေ့လည်စာအိမ်ပြန်လာစားနော် မျှော်နေမယ် "
"အော်....ဘာများလဲလို့ ကလေးရာယ် ......အွင်း...... ကိုယ်စောစောပြန်လာခဲ့မယ်နော် ......အာဘွား....အရမ်းချစ်တယ်......"
"ကလေးက ပိုချစ်တယ် "
"ဟားဟား....ဟုတ်ပါပီ ......ဟုတ်ပါပီဗျာ "
"ဒါပဲနော် ယောက်ကျား...."
"ဟုတ်ကဲ့ပါဗျာ...."
ဖုန်းလဲချရော meeting အခန်းထဲမှ လူတေအားလုံး ပြုံးစိပြုံးစိဖြင့် သူ့ထံအကြည့်ရောက်ကာ ဝန်ထမ်းများက စနောက်နေကြသဖြင့် နေမင်း မျက်နာပူ လာမိသည်
"ချစ်လွန်းတော့လဲ အရှက်ကုန် ကြိုက်မရှက် ငိုက်မရှက်ပေါ့ဗျာ မာနဆိုတာဘယ်ဂျောင်ထဲထိုးထားမှန်မသိအောင်ကိုပဲ ကျွန်တော့် ဇနီးသည်အပေါ်အချစ်တစက်မှမလျော့ တိုးသထက်တိုးလာတာပဲရှိတယ် ထပ်လောင်းပြောရရင် ဇနီသည်လေးကို ချစ်လို့ကိုမဝပါ
....အယ် ချစ်မဝလေးပေါ့.....ဟက်.....ဟက်......"ရှက်ရမ်း ရမ်းပြီး စိတ်ထဲကရှိတာအကုန်ဖွင့်ချလိုက်မိရာ meeting အခန်းထဲမှ ရှယ်ယာရှင်တေ ဝန်ထမ်းတေ တဟားဟားဖြင့် ပွဲကျကာ ဆူညံ့ရာယ်မောရင်းပင် လုပ်ငန်းကိစ္စပြန်ဆက်ကာ အဆက်သွယ်ကောင်း အချိတ်ဆက်ကောင်းတေ ထပ်လောင်းရရှိ၍ မိန်းမချစ်လွန်းသည့် ဦးနေမင်း စီးပွားရေးလောက မှာစန်း ထနေသည် သူတို့အထဲ အပေါ်ယံ အပြုံးဖြင့် ရင်ထဲပန်းတေဝေဆာ မနေသူကတော့ ပရိတ်သတ်တို့ သိကြမယ်ထင်ပါ့ သူမနှင့်တုန်းက ချစ်တယ်လို့ပြောတာ လက်ချိုး ရေတွတ်လို့ပင်ရမည် နေမင်းပြောင်းလဲမှုကို တယောက်သော သူက အင်မတိ အင်မတန်ကို အံ့သြလျှက်ပင် ....စပိလစ့် ..
