Unicode...
မင်းထွဋ်
မင်းထွဋ်ဟာ ရပ်ကွက်ထဲမှာ ဗိုလ်ပဲ။
သူမပါတဲ့ ရန်ပွဲဆိုတာ မရှိ၊ သူမကူရင် သာရေးနာရေးဆိုတာ မပြီး။ ရပ်ကွက်ထဲ မင်းထွဋ်ဟေ့ ဆို ကလေးရော ခွေးရောအကုန်သိ...။
မိုက်စရာရှိ မိုက်တယ်။ ရိုင်းတန်ရင် ရိုင်းတယ်။ ကူရမယ်ဆို ကူလိုက်တယ်။ တော်ရုံတန်ရုံ အတင်းအဖျင်းတွေရော ချီးမွမ်းထောပနာပြုမှုတွေရော ဂရုစိုက်လေ့မရှိဘူး။
မုဆိုးမ မိခင်ကြီးနဲ့အတူနေပြီး အလုပ်အကိုင်မရှိ သူ့ရဲ့တစ်နေ့တာကို ရပ်ကွက်ထဲမှာပဲ အချိန်ဖြုန်းတတ်တဲ့ လူငယ်လေး...။
တချို့က အားကိုးကြတယ်။ တချို့က ကြောက်ကြတယ်။ တချို့ အသုံးချကြတယ်။ တချို့ သနားကြတယ်။
အဲဒီနေ့ဟာ မင်းထွဋ်အတွက် သာမန်နေ့ရက်ကလေးပဲ။ အိမ်မှာ မနက်စာစားတယ်။ ရပ်ကွက်ထဲ ဗိုလ်လုပ်ဖို့ထွက်သွားတယ်။
ဒါပေမဲ့ ညနေစောင်း သူပြန်လာတဲ့အချိန် ထူးခြားတဲ့အငွေ့အသက်တစ်ခုရလိုက်တယ်။ ဟေမန္တရဲ့ လေအေးနဲ့အတူ ငြိမ့်ငြိမ့်လေးပါလာတဲ့ ယုဇနပန်းတွေရဲ့ ရနံ့ပဲ။
ယုဇနပန်းရနံ့တွေရဲ့ မြစ်ဖျားခံရာကိုသာ မင်းထွဋ်မစူးစမ်းခဲ့ရင် ကြေမွဖူးလို့အနားယူနေတဲ့ နှလုံးသားဟာ ဆက်လက်အိပ်စက်နေနိုင်ကောင်းပါရဲ့...။
.
.သွေးသစ်ညို
ယုဇနပန်းတွေကိုမြတ်နိုးလွန်းလို့ တယုတယစိုက်ပျိုးထားပေမဲ့ ဒီပန်းတွေကိုကြိုက်တဲ့အကြောင်း ဘယ်သူ့ကိုမှ ညိုမပြောပြဖြစ်ဘူး။
မိန်းမလေးတွေလိုဝတ်စားပြီး တပင်တိုင်အက ကရတာ သိပ်နှစ်သက်တယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောပြဖြစ်တဲ့ သွေးသစ်ညိုရဲ့ လျှို့ဝှက်ချက်။
သွေးသစ်ညိုဟာ ဇာတ်သဘင်ပွဲတွေရှိတဲ့အချိန် ရုံးပိတ်ရက်နဲ့ကြုံကြိုက်ရင် အိမ်ကနေခိုးထွက်ပြီး မိန်းမလေးလိုဝတ်စားပြီး သူလိုအဖော်တွေနဲ့ ပွဲခင်းထဲလျှောက်လည်ပစ်တတ်တယ်။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်