Unicode...
"ဒုန်း... ခလွမ်း!"
ကျောင်းကပြန်ရောက်ရင် ဆော့ဖို့ပဲသိတဲ့ဖြူဖြူဟာ အောက်ထပ်က အသံပလံတွေကြောင့် ဘိုမရုပ်လေးကိုကိုင်ရင်း ပြေးဆင်းလာခဲ့တယ်။
မေမေက ဖြူဖြူ့ကိုတွေ့တော့ ပွေ့ဖက်ထားပြီး ဖြူဖြူ့မျက်စိရှေ့ကမြင်ကွင်းကို ကွယ်ထားလေရဲ့။ ဒါပေမဲ့ ဖြူဖြူ အသံတွေကိုတော့ အတိုင်းသား ကြားရပါတယ်။
"မင်း သောက်ချိုးပြင်မှာလား အိမ်ပေါ်ကဆင်းမှာလား တစ်ခုပဲပြော ဥက္ကာအောင်... ဒါနောက်ဆုံးအကြိမ်ပဲ... ငါ့ကိုမလုပ်ရဲဘူးလို့ ထင်နေလား ဟမ်"
"ကျွန်တော် ပြောစရာကုန်ပြီ အဖေ... အဖေတို့ ဘယ်လိုပြောပြော မပြင်နိုင်ဘူး ပြင်လို့ရတဲ့ကိစ္စမျိုးလည်း မဟုတ်ဘူး... ဒီတော့ အိမ်ပေါ်ကဆင်းဆိုလည်း ဆင်းရတာပေါ့"
"ခွပ်"
"ခွေးမသား... ငါတို့မိသားစုကို အရှက်ခွဲတဲ့ကောင်... ငါ့မိတ်ဆွေတွေကြားထဲ ငါဘယ်လိုမျက်နှာပြရမှာလဲ ဟမ်... ဟိုမှာ မင်းအမေနဲ့ မင်းညီမကိုရော မသနားဘူးလား... မင်းကြောင့်နဲ့ ငါ့သမီး ကျောင်းမှာမျက်စိငယ်မျက်နှာငယ်ဖြစ်မှာ ထည့်မတွက်ဘူးလား... ဟမ်... ကိုယ့်ဖို့ကိုယ်ပဲ ကြည့်တဲ့ကောင်... ဆင်း... မင်းလို စောက်ခြောက်ကိုလည်း ငါ့သားအဖြစ် အသိအမှတ်မပြုနိုင်တော့ဘူးကွ... မင်းရှိနေရင် ငါတို့မိသားစု ဂုဏ်သိက္ခာကျတယ်... သွား ငါ့အိမ်အရိပ်ကို သေတဲ့အထိ လာမနင်းနဲ့ ဟေ့ကောင်"
ဖေဖေ့အသံတွေကြား မေမေ့ရဲ့သက်ပြင်းချသံ မျှင်းမျှင်းကိုလည်း ဖြူဖြူကြားလိုက်ရတယ်။ မေမေ့အင်္ကျီစလေးကို လက်ကလေးနဲ့အသာဖယ်ပြီး ချောင်းကြည့်တော့ ဒေါသထွက်နေတဲ့ဖေဖေရယ်၊ ထိုင်ခုံပေါ်မှာ ခေါင်းကိုငုံ့ပြီး ထိုင်နေတဲ့ ကိုကြီးရယ်...။
ခဏကြာတော့ ကိုကြီးက ဝုန်းခနဲထလာပြီး ဖြူဖြူတို့ဆီလှမ်းလာတယ်။ မေမေ့ကိုတစ်လှည့် ဖြူဖြူ့ကိုတစ်လှည့်ကြည့်ပြီးတဲ့နောက် အိမ်တံခါးမကြီးကနေ ထွက်သွားတော့တယ်။ ကိုကြီးရဲ့အကြည့်တွေထဲမှာ ဝမ်းနည်းနေတဲ့အရိပ်အယောင်တွေ၊ ဖြူဖြူ့ကိုတောင်းပန်နေတဲ့အရိပ်အယောင်တွေ အများကြီးပါပါ့။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်