Unicode...
မင်းထွဋ်ရဲ့ ဝေခွဲမရဖြစ်နေတဲ့ လိင်စိတ်တိမ်းညွှတ်မှုအကြောင်းလေး အနည်းငယ်ရှင်းပြချင်ပါတယ်။
မင်းထွဋ်က Straightကနေ Gayသွားတာမျိုးမဟုတ်ပါဘူး။ အရင်ကတည်းက မင်းထွဋ်ဟာ Transgender (မိန်းမလျာတွေ) အပေါ်မှာသာ စိတ်ဝင်စားတဲ့ လိင်စိတ်တိမ်းညွှတ်မှုရှိသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ သူကိုယ်တိုင်သတိမထားမိပါဘဲ မိန်းမလျာတွေဘက်ကနေ ကာကွယ်ပြောဆိုပေးတတ်တာပါ။
မိန်းကလေးပုံစံနဲ့ ညို့ကို စတွေ့တုန်းက သူ့စိတ်သူ မိန်းကလေးပါဆိုပြီး အတင်းထင်ခိုင်းတာပါ။ အမှန်က သူကိုယ်တိုင် မိန်းမလျာမှန်း ရိပ်မိပါတယ်။ ဒါကြောင့်လည်း သွေးသစ်ညိုကို ယောက်ျားပုံစံနဲ့တွေ့တဲ့အချိန်တွေမှာ ညို့ကိုတွဲမြင်ယောင်မိပြီး ရောထွေးနေတာပါ။
ဒါပေမဲ့ အတိတ်ကအဖြစ်ဆိုးကြောင့် မိန်းမလျာတစ်ယောက်ကို ရင်ခုန်မိတာဟာ အပြစ်ကြီးတစ်ခုလို သတ်မှတ်ထားလေတော့ နောက်ထပ်ချစ်မိသူဟာ မိန်းမလျာမဖြစ်နိုင်ဘူးဆိုတဲ့ အစွဲကြီးက သူ့နှလုံးသားကိုရော သူ့အမြင်ကိုရော အမှန်တရားကနေ ခဏဖုံးကွယ်သွားစေတာပါ။
အရက်သောက်ပြီး အိမ်ပြန်လာတဲ့အချိန် သူ့အမေကို "မှားချစ်မိပြန်ပြီ" ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒါဟာ သူ မိန်းမလျာတွေအပေါ်မှာသာ ရင်ခုန်ကြောင်း ပထမဆုံးအကြိမ် နှုတ်ကနေ ဝန်ခံခဲ့ခြင်းဖြစ်ပါတယ်။
နောက်ပြီး အစက ယောက်ျားပုံစံနဲ့ သွေးသစ်ညိုကို မင်းထွဋ် နည်းနည်းလေးမှ စိတ်မဝင်စားပါဘူး။
အရင်ဆုံး အတိတ်တုန်းကလို ရှောင်မထွက်တော့ဘဲ ကိုယ့်ကိုကိုယ် နားလည်သဘောပေါက်သွားပြီး မိန်းမလျာလေး ညို့ကို လေးလေးနက်နက်ချစ်မိသွားပါတယ်။ ဒါကြောင့် ညို့ရဲ့ ဘယ်လိုပုံစံကိုမဆို ချစ်တတ်သွားတာဖြစ်ပါတယ်။
အစတည်းက သွေးသစ်ညိုကို ယောက်ျားတစ်ယောက်အနေနဲ့ စိတ်ဝင်စားတာမျိုးမဟုတ်ဘဲ မိန်းမလျာပုံစံကြောင့် စိတ်ဝင်စားပြီးခါမှ သူ့ရဲ့အရာရာကို ဖြည်းဖြည်းချင်း လက်ခံသွားနိုင်တာမျိုးပါ။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်