Unicode...
🎶 ချစ်ခွန်းတုံ့တင်... တွင်တွင်သူပြော... မောလည်းမောနိုင်ဘူးရှင်... ပန်းလည်းပန်းနိုင်ဘူးရှင်... ပိုင်ပိုင်နိုင်နိုင်... မေ့နားမှာသူထိုင်... စကားတွေလှိုင်လှိုင်ချွဲ... သဲကြီးမဲကြီးစွဲပြီး ချစ်သတဲ့ရှင်...🎶
အနောက်ကထွက်လာတဲ့အသံကို ပါးစပ်လေးလှုပ်စိလှုပ်စိနဲ့ လိုက်ဆိုလို့ ကွေးနေအောင် ကနေသူလေးကတော့ တခြားသူမဟုတ်။ မင်းထွဋ်ရဲ့ ညိုမြကလေး။
ထိုင်မသိမ်းနဲ့ ဆံထုံးအရစ်ရစ်ဖွဲ့လို့ အငြိမ့်မင်းသမီးလေးအတိုင်း ရွှင်ပျပျမျက်နှာပေးနဲ့ ကလည်းကတတ်ပါပေ့။ မသိတဲ့သူတွေဆို မိန်းကလေးအစစ်လို့ ထင်ကြမှာ သေချာတယ်။
အောက်ကပရိတ်သတ်တွေကလည်း သောင်းသောင်းဖျဖျနဲ့ကို အားပေးတာ။ တချို့တွေများဆို ဝမ်းစမိုး ဝမ်းစမိုးနဲ့ နောက်ထပ် ထပ်ကဖို့ တောင်းဆိုကြတာ။ အများစုကတော့ ယောက်ျားသားတွေပေါ့။
အစကတော့ မင်းထွဋ် စင်အောက်ကနေ အမြတ်တနိုးနဲ့ ကြည့်နေမိသေးတယ်။ ဒီမင်းသမီးကလေး အခုလို လူလယ်ခေါင်မှာ မကရဲခဲ့တဲ့အချိန်ကတည်းက ဟောဒီကကောင်က သူလေးရဲ့အလှတရားကို ရှာတွေ့ခဲ့တာလေ။
ယောက်ျားသားများရဲ့ လက်ခုပ်ဩဘာသံတွေ၊ အထာပေးသံတွေ၊ ပန်းပေးကြတာတွေကိုမြင်ရကြားရတော့ မင်းထွဋ် ဒီအတိုင်း ရပ်မကြည့်ချင်တော့ဘူး။ နှမြောလာပြီလေ။ သဝန်တိုလာပြီလေ။ ချက်ချင်း စင်ပေါ်ကိုတက်၊ ညို့လက်ကိုဆွဲပြီး အဲဒီမင်းသမီးလေးဟာ မင်းထွဋ်အပိုင်ရယ်လို့ လက်ခမောင်းခတ်ကြေညာပစ်လိုက်ချင်ပြီ။
ဝမ်းစမိုး ဝမ်းစမိုး ဆိုတဲ့အသံတွေကိုလည်း မကြားချင်တော့ဘူး။ ၅မိနစ်ကျော်လောက် ကခဲ့ပြီးပြီပဲ။ တော်ပြီပေါ့။ ညိုက ဇာတ်ပိုင်ရှင်အကူအညီတောင်းလို့သာ ဝင်ကတာ။ ဇာတ်မင်းသမီးမှမဟုတ်ဘဲဟာ။
မာမီရွှေမြတို့ရပ်ကွက် ဘုရားပွဲမှာ ဇာတ်ငှားတော့ ဇာတ်ပိုင်ရှင်က မာမီနဲ့သိတာနဲ့ ဆိုင်ကိုရောက်လာပြီး အလ္လပ သလ္လာပပြောကြရာကနေ ညိုက သူလည်း တပင်တိုင်ကရတာ ဝါသနာပါကြောင်း ပြောဖြစ်သွားတယ်လေ။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်