Unicode...
မင်းထွဋ် ဈေးကြီးထဲက ဆန်ပွဲရုံတစ်ခုမှာ နေ့စားအလုပ်ရတယ်။ ဆန်စက်ကရောက်လာတဲ့ တင်းပြည့်ဆန်အိတ်တွေကို ပွဲရုံထဲရွှေ့တဲ့အလုပ်နဲ့ ပွဲရုံထဲက အိတ်တွေကို ဈေးထဲကဆိုင်ခန်းထဲ ရွှေ့တဲ့အလုပ်တွေကို အလှည့်ကျနားပြီး လုပ်ရတယ်။
ဘွဲ့ရပြီးသားလူတွေတောင် အလုပ်ရှာရဖွေရခက်တဲ့ခေတ်ကြီးမှာ မင်းထွဋ်က တစ်ရက်တည်းနဲ့ အလုပ်ရလာတာကလည်း ကံကောင်းလို့တော့မဟုတ်ဘူး။ တကယ်တော့ ဒီပွဲရုံက ရပ်ကွက်ထဲက ဆီအရောင်းအဝယ်လုပ်တဲ့ ဦးရီရဲ့ အသိတွေ...။
ဦးရီဆိုတာကလည်း ရပ်ကွက်ထဲ နောက်တက်မဲ့လူကြီးရာထူးမှန်းနေတဲ့လူဆိုတော့ မင်းထွဋ်တို့နဲ့ မကင်းရာမကင်းကြောင်း ပေါင်းနေတဲ့လူကြီးပေါ့။
မင်းထွဋ်တို့က အလုပ်ကို မရှာချင်လို့သာ မရှာတာ။ သဘောတရားတွေကို သိပြီးသား။ အဲနေ့က ဦးရီဆီမသွားဘဲ တစ်နေကုန် မြို့ထဲပတ်ရှာနေရင် မင်းထွဋ်လို ဆယ်တန်းမအောင် ဘာပညာအရည်အချင်းမှမရှိတဲ့ကောင် အလုပ်ရဖို့ဖြစ်နိုင်မတဲ့လား။ ဒီတော့ အောင်နိုင်ဆန်းဆီကပိုနေတဲ့ အာမီရမ်တစ်လုံးကို အကြွေးနဲ့ပြန်ဝယ်ပြီး ဦးရီဆီပြေးလိုက်တာ။
မင်းထွဋ်ဆိုတော့လည်း ဦးရီကမငြင်းနိုင်ဘူးလေ။ သူကိုယ်တိုင် ပွဲရုံပိုင်ရှင်နဲ့မိတ်ဆက်ပေးပြီး အပ်ပေးသွားတာ။ ဒီလိုမျိုးကျလည်း ရပ်ကွက်ဗိုလ်ဖြစ်ရတာ တစ်မျိုးကောင်းပြန်ရော နော့။
မနေ့ညက အမေကတော့ ပြောရှာတယ်။ ဘယ်နှရက်ခံမလဲမသိဘူးတဲ့။ ဒီတစ်ခါတော့ သည်းခံရမယ် အမေ...။ သည်းခံရမယ်။ သူလေးကို မျက်နှာမညှိုးအောင်ထားနိုင်ဖို့အတွက် သည်းခံရမယ်။
မင်းထွဋ်ဒီလိုအတွေးတွေကို အမေများကြားရင် မွေးရကျိုးနပ်လိုက်တဲ့သားဟဲ့ ဆိုပြီး ကြိမ်းနေမလားပဲ။ တစ်သက်လုံး အမေ့ပင်စင်လေးကို ကပ်စားနေတဲ့ ကပ်ပါးကောင်က ချစ်ရသူတွေ့တော့မှ အလုပ်တွေကြိုးစားပြနေတော့ အမေကြိမ်းမယ်ဆိုလည်း ကြိမ်းချင်စရာပေါ့။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်