Part 30

2K 155 2
                                    

Unicode...

ညိုတို့သုံး​ယောက်နဲ့ ဟိုက​လေးတစ်သိုက် ရဲစခန်းကို ​ရောက်လာကြတယ်။ မာမီ​ရွှေမြက​တော့ လူကြီးပီပီ ညှိနှိုင်း​ပေး​ပါတယ်။ ညိုက​​တော့ ​ဒေါသထွက်​နေဆဲမို့ ဘာမှဝင်မ​ပြောနိုင်ဘူး။

ဟို​ကောင်​လေးလည်း ​​သွေးစို့စို့နဲ့ ငိုရှာ​​သေးတယ်။ မှတ်သားစရာပါပဲ။ မာမီ​ရွှေမြလို လူကြီးတစ်​ယောက်ကို​တောင် ဟက်ဟက်ပက်ပက်ပြန်ခံ​​ပြောခဲ့တဲ့က​လေးက အခုကျမှ လူသနား​အောင် မျက်ရည်ခံထိုး​နေတာ​လေ။ အကွက်​တွေ​ပေါ့​။ ညိုက​တော့ ရယ်ချင်ရဲ့။

"ကဲ ကဲ... ခ​ဏ​လေး​စောင့်... မကြာခင် ဒီဘက်က အုပ်ထိန်းသူ​တွေ​ရောက်လာကြ​တော့မှာပါ"

စခန်းမှူးက ကြားထဲက​နေ ဝင်ထိန်းရင်း တံခါး​ပေါက်ကိုလှမ်းကြည့်တယ်။

"​ဟော လာပြီ"

စခန်းမှူးမျက်နှာက ရွှင်ပြုံးသွားပြီး အဲဒီ​ကောင်​လေးရဲ့ အုပ်ထိန်းသူဆိုတာ​တွေကို သူကိုယ်တိုင် မတ်တပ်ရပ်လို့နှုတ်ဆက်တယ်။

အ​လောတကြီး​ပြေးဝင်လာကြတဲ့လူ​တွေကို ညို မျက်​ထောင့်တစ်ချက်ကပ်ပြီး ကြည့်လိုက်တယ်။ သူတို့သား ရဲစခန်း​ရောက်ရတဲ့အထိ ​သွေးထွက်သံယိုဖြစ်သွားတာဆို​တော့ ဘယ်​လောက်ထိများ ပြာ​နေမလဲလို့ စူးစမ်းချင်စိတ်နဲ့ပါ။

ဒါ​ပေမဲ့ မထင်မှတ်ထားတာတစ်ခုက ညို့ရဲ့တင်း​နေတဲ့မျက်နှာကို ချက်ချင်းညှိုးကျသွား​စေတယ်။

​မေ​မေ​လေ။ ဟုတ်ပါတယ် ညို့ရဲ့​မေ​မေမှ ​မေ​မေအစစ်ပါ။ ​​သွေးသစ်ညိုကို ​မွေးခဲ့တဲ့ ဒေါ်စိန်ညိုရယ်ပါ။ မျက်နှာထားတင်းတင်းနဲ့ ဝင်လာ၊ စခန်းမှူးကို ဟန်​ဆောင်အပြုံး​လေးနဲ့နှုတ်ဆက်ပြီး လွတ်ရာခုံမှာ ခါးမတ်မတ်ဝင်ထိုင်​နေတဲ့ ညို့​မေ​မေပါ။

​မေ​​မေက စခန်းထဲဝင်လာကတည်းက ဘယ်သူ့ကိုမှ အဖက်မလုပ်ဘူး။ ဟို​ကောင်​​လေးကိုလည်း စိုးရိမ်စိတ်မရှိတာ ​မေ​မေ့မျက်နှာမှာ အတိုင်းသား​ပေါ်​နေပါ့။ ပြီး​တော့ ညိုတို့ကိုလည်း တစ်ချက်က​လေးမှ မကြည့်ဘူး။

ညို​လေ ​မေ​မေ့ကိုစိုက်ကြည့်​နေတာ အကြာကြီး။ ​မေ​မေ မျက်လုံးကစားပြီး မ​တော်တဆ ညိုနဲ့အကြည့်ချင်းများဆုံသွားမလားဆိုတဲ့ ​မျှော်လင့်ချက်က​လေးနဲ့။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now