Unicode...
ပတ်ဝန်းကျင်ဟာ ခေတ္တမျှတိတ်ဆိတ်နေတယ်။ လှိုင်းခက် သူ့အကြည့်တွေကို မင်းထွဋ်ဆီကနေဖယ်ခွာပြီး -
"ကဲ သွေးသစ်ညို... မင်းနဲ့ လှကြည်သာ နှစ်ဦးတည်းစကားပြောသင့်တယ်ထင်တယ်"
လှိုင်းခက်နဲ့ဖြူဖြူအောင်က ထပြီးအပြင်ထွက်သွားကြတယ်။ ညိုလည်း ကိုမင်းထွဋ်ကို မျက်နှာရိပ်ပြတော့ ကိုမင်းထွဋ်လည်း အလိုက်တသိအပြင်ထွက်သွားပေးတယ်။
အားလုံးအပြင်ရောက်ပြီဆိုမှ ညိုက လှကြည်သာဘေးကပ်ထိုင်ပြီး -
"ရုံးမှာ တစ်ခုခုဖြစ်လို့လား ကြည်သာ"
ကြည်သာက မျက်နှာမဖော်သေး။ နှာတရှုံ့ရှုံ့နဲ့လုပ်နေသေးတယ်။
"ငါ ငါတောင်းပန်ပါတယ် သွေးသစ်ရယ်"
"ဘာကိုတောင်းပန်တာလဲ ငါ့ကိုနားလည်အောင်ပြောပါဦး ကြည်သာရယ်"
ကြည်သာ မျက်ရည်လည်ရွှဲနဲ့ အကြောင်းစုံပြောပြတော့ ညို မလှုပ်မယှက်သာနားထောင်နေလိုက်တယ်။ ကြည်သာ့ကိုအပြစ်မတင်ပါဘူးလေ။ မဟုတ်လည်း တစ်နေ့ကျ သိမဲ့ကိစ္စ။ ပြီးတော့ သူကလည်း သူ့စိတ်ကူးလေးနဲ့သူကိုး။
"ရပါတယ် ကြည်သာရယ်... ငါနင့်ကို ခွင့်လွှတ်ပါတယ်... အမှန်တရားဆိုတာ ကြာကြာဖုံးကွယ်လို့မကောင်းပါဘူး... အချိန်တန်ရင် သိကြမှာချည်းပဲ... ပြီးတော့လေ ငါက နင်ပြောသလိုပြင်လို့မရတဲ့လူပါကွယ်... ခက်ခဲတယ် ကြည်သာရဲ့... အဲဒါကြောင့်လည်း တစ်ခါတစ်ခါ သာမန်လူတွေလိုပဲဖြစ်ချင်တော့တယ်လို့ တွေးမိတယ်... ဒါပေမဲ့ ဒီလိုဖြစ်တည်မှုဆိုတာ လွယ်လွယ်ပြင်လို့မှမရပဲကွယ်"
"ငါ အစတည်းက နားလည်ခဲ့သင့်တာပါ သွေးသစ်... အခုတော့ ငါ့ကြောင့်နဲ့ နင်"
"ရပါတယ်ဆိုကွယ်... ငါ့အဖေကိုက ဒီလိုလူမျိုးတွေကို မုန်းတယ်ရွံတယ်လေ... ငါကိုယ်တိုင်က ငါ့အဖေမုန်းတဲ့သူတွေလိုမျိုးဆိုတော့ ဘာပြောကောင်းမလဲ"
နောက်ပိုင်းမှာ ညို အရယ်တစ်ပိုင်းနဲ့ပြောတော့ လှကြည်သာက ထူးဆန်းသလို မျက်လုံးပြူးကြီးနဲ့ကြည့်တယ်။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်