Unicode...
ညို ပုံမှန်အတိုင်း ရုံးသွားတယ်။ ပုံမှန်အတိုင်းပဲနေတယ်။ ခွင့်နှစ်ရက်ယူသွားလို့ စိတ်ပူနေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နေမကောင်းလို့ဆိုပြီး အပြုံးကလေးနဲ့ပဲ ဆင်ခြေပေးလိုက်တယ်။
လှကြည်သာနဲ့မိုးကျော့နိုင်ကတော့ ညို့ကို အားနာနေတုန်းပဲထင်ရဲ့။ စကားတောင် ကောင်းကောင်းမပြောကြသေးဘူး။
ညိုလေ ခါတိုင်းထက်တောင်ပိုပြီးတက်ကြွနေသလိုပဲ။ လုပ်နေကျအလုပ်ဆိုပေမဲ့ ဒီအလုပ်ခွင်ကနေထွက်လိုက်ရင် ခါတိုင်းဆို အိမ်မှာ ညိုမနေချင်တဲ့ဘဝမှာ ဆက်နေရတယ်မလား။ အခုတော့ ရုံးဆင်းတာနဲ့ ညိုနေချင်တဲ့ဘဝမှာ လွတ်လွတ်လပ်လပ်နေပစ်လို့ရပြီ။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုတော့ဘူး။ ဘယ်သူ့မျက်နှာမှထောက်စရာမရှိတော့ဘူး။
တစ်ခါတစ်ခါ ကိုမင်းထွဋ်လာတွေ့တဲ့နေ့တွေဆို ညို့အတွက်ပိုလို့တောင် ပျော်စရာကောင်းပါရဲ့။ ကိုယ်ချစ်တဲ့သူတွေရယ်၊ ကိုယ့်ကိုချစ်တဲ့သူတွေရယ်၊ ကိုယ့်ကိုနားလည်ပေးတဲ့သူတွေရယ်၊ ကိုယ့်ကိုလက်ခံနိုင်တဲ့သူတွေရယ်... ဒီလိုလူတွေသာရှိတဲ့ ညို့ဘဝဟာ အိမ်မှာထက် ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။ ညို့မေမေကလွဲလို့ ညို့အတွက်အရေးပါသူတွေအကုန် ညို့အနားမှာရှိနေကြတယ်။
မေမေပေးလိုက်တဲ့ ငွေစုစာအုပ်ကလေးလည်းရလာပြီဆိုတော့ အိမ်ငှားဖို့ ကိုမင်းထွဋ်နဲ့တိုင်ပင်သေးတယ်။ ကိုမင်းထွဋ်တို့ရပ်ကွက်ကလွဲလို့ ဘယ်မှာပဲရရပေါ့။ အဲဒီရပ်ကွက်ကိုတော့ ညိုပြန်မနေချင်ပါဘူး။ ကိုမင်းထွဋ်တို့သားအမိ အခက်တွေ့ကြမှာမို့လေ။
ညို့လခနဲ့တတ်နိုင်လောက်မဲ့ အိမ်လေးတွေလိုက်ရှာသေးတယ်။ လွယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ဒီအကြောင်းကို လီလီသိတော့ ညို့ကိုဆူတယ်။ သူ့အိမ်မှာနေလို့ရရက်နဲ့ လုပ်ရသလားဆိုပြီးပေါ့။
ညို အားနာတယ်လေ။ ကိုယ့်သွေးသားလည်းမဟုတ်ဘဲ သူများအိမ်ပေါ် အခန့်သားနေနေရတာ ညိုအားနာတယ်။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်