Part 21

1.3K 149 5
                                    

Unicode...

ကိုမင်းထွဋ်ကိုယ်တိုင် ​ပေးထားတဲ့အင်္ကျီ​လေးပြင်ထားတာ ရပြီဆိုလို့ လီလီ့ဆီကိုထွက်ခဲ့တယ်။ လီလီတို့အိမ်နားမှာတင် မထင်မှတ်ဘဲ မလှိုင်းခက်ကို ​တွေ့လိုက်​သေးတယ်။ သူလည်း Top Queenမှာ အထည်လာအပ်တာတဲ့။

"တိုက်တိုက်ဆိုင်ဆိုင် ​တွေ့ပြန်ပြီ​နော် ​သွေးသစ်ညို... အင်္ကျီလာယူတာလား"

"ဟုတ်တယ်... ပြင်ထားတာ​လေး လာယူတာ"

ညိုက အင်္ကျီထုပ်ကို မလှိုင်းခက်မမြင်​အောင် ဖွက်​တော့ မလှိုင်းခက်က ရယ်တယ်။

"ညိုရယ်... ငါအကုန်သိပြီးသားပါ"

ဒီလိုဆို​တော့လည်း ညိုမအံ့ဩ​တော့ပါဘူး။ ဖြူဖြူ​တောင် သိတယ်ဆိုမှ​တော့ မလှိုင်းခက်သိ​နေတာ မထူးဆန်းဘူး။ ညို ​ခေါင်းသာငုံ့ထားမိပါ​တော့တယ်။

"ဧကန္တ အဲဒီအင်္ကျီက မင်းထွဋ်​​ပေးတာများလား"

မလှိုင်းခက်ဆီက ကိုမင်းထွဋ်နာမည်ကိုကြားရ​​တော့ ညိုစိုးရိမ်သွားတယ်။ ညို့ရဲ့ပုံစံအမှန်ကို သိ​နေတာထက် ကိုမင်းထွဋ်နဲ့ပတ်သက်မှုကို သိ​နေတာမျိုး​တော့ ညိုမကြိုက်ဘူး။ ညို့​ကြောင့်နဲ့ ကိုမင်းထွဋ်ကိုပါ စိတ်မညစ်​စေချင်ဘူး။

"မလှိုင်းခက်က ကိုမင်းထွဋ်ကို သိ​တာလား"

"အို သိရုံတင် ဘယ်ကမလဲ"

ညို့စိတ်​ထဲ အ​တွေး​တွေပိုများလာတယ်။ မလှိုင်းခက် ဘာကိုဆိုလိုသလဲ ရိပ်စားမိ​ပေမဲ့ မဟုတ်ပါ​စေနဲ့လို့ ဆု​တောင်း​နေမိတယ်။

"ဒီစကားကို​ပြောတာ မင်းကို အထင်လွဲ​စေချင်လို့၊ သဝန်တို​စေချင်လို့ မဟုတ်ဘူး​နော် ညို... မင်း​ ​သေချာပြန်သုံးသပ်နိုင်​အောင်လို့... မင်းထွဋ်နဲ့ငါက ချစ်သူ​တွေဖြစ်ခဲ့ကြဖူးတယ်..."

"ဘယ်လို!"

ညိုပါးစပ်အ​​ဟောင်းသား...။ နှလုံးခုန်​တွေမြန်​နေတယ်။ ကိုယ့်မျက်စိနဲ့​သေချာမမြင်ဖူး​ပေမဲ့ ကိုမင်းထွဋ်နဲ့ မလှိုင်းခက်တို့တစ်​ယောက်နဲ့တစ်​​ယောက် ကြင်ကြင်နာနာချစ်ကျွမ်းဝင်​နေကြတဲ့ပုံရိပ်​တွေ မြင်​ယောင်လာတယ်။ ကိုမင်းထွဋ်ရဲ့ ညို့အ​ပေါ်ဆက်ဆံပုံ​​တွေဟာ အရင်က မလှိုင်းခက်ကို ဆက်ဆံသလို....။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now