Part 5

2.2K 216 7
                                    

Unicode...

​သောကြာ​နေ့ဆို​တော့ ဘုံဆွမ်း​လောင်းအတွက် တစ်ရပ်ကွက်လုံး ပြင်ကြဆင်ကြပြီ။ မင်းထွဋ် အ​နောက်ဘက်အိမ်က​နေ ပြန်​ရောက်ပြီးတဲ့ည​နေကတည်းက ​ခြေငြိမ်​နေတာ ဒီ​နေ့ထိ။ အ​မေဖြစ်သူ​တောင် ​နေမ​ကောင်းဘူးထင်လို့ ​ချင်းပြုတ်ရည်တိုက်လိုက်​သေးတယ်။

ဘုံဆွမ်း​လောင်းအတွက် ယာယီမဏ္ဍပ်​ဆောက်ဖို့လာ​ခေါ်ကြတာ​တောင် မလိုက်နိုင်ဘူး။ သူတို့ကို​တော့ ​နေမ​ကောင်းလို့ဆိုပြီးပဲ ကြည့်​ကောင်း​အောင် ​ပြောထားရတာ​ပေါ့။

တကယ်တမ်း ​နေမ​ကောင်းဖြစ်​နေတာက ခန္ဓာကိုယ်မဟုတ်ဘူး။ မင်းထွဋ်ရဲ့နှလုံးသား...။

မင်းထွဋ်ကိုယ်တိုင် ဘယ်လိုခံစား​နေရတယ်ဆိုတာ ​မသိဘူး။ တစ်ဖက်မှာ ယုံကြည်ခြင်း၊ တစ်ဖက်မှာ ဆင်ခြင်သုံးသပ်ခြင်း...။ အဲနှစ်ခုက မင်းထွဋ်စိတ်ကို လွန်ဆွဲ​ပြီး အမှန်တရားကို မမြင်နိုင်​အောင် တားဆီး​နေတာ။

နတ်သမီး​တစ်ပါးအလား လှပတဲ့အဖြူ​ရောင်မင်းသမီး​လေးရဲ့ တည်ရှိခြင်းအ​​ပေါ်ထားတဲ့ ယုံကြည်မှု​ဟာ ​​ယောက်ျားပျိုတစ်​ယောက်​နေတဲ့အခန်း မိန်းက​လေးတစ်​ယောက် ဝင်​တာမဖြစ်နိုင်ဘူးဆိုတဲ့ အလိုလိုသိစိတ်ဝင်​ရောက်လာတဲ့အခါ ပျက်သုန်းရပြန်တယ်။

အဲဒီထပ်ပိုတဲ့ ဖြစ်နိုင်​​ချေ​ကို မင်းထွဋ် မ​တွေးရဲဘူး။ တကယ်​တော့ မင်းထွဋ် အမှန်တရားကို ခပ်​ရေး​ရေးမြင်ပါတယ်။ ​ပြေးမကြည့်ရဲတာပါ။ အဲဒါ​ကြောင့်ပဲ တခြားအ​ကြောင်းပြချက်​တွေရှာပြီး ကိုယ့်စိတ်ကိုညှင်းဆဲ​နေတာ။

ဓမ္မာရုံက သီချင်းဖွင့်သံ​တွေကြားရပြီ။ ယုဇနပန်း​တွေ ​လေအတိုက်မှာ ရနံ့​တွေထုတ်လွှင့်​နေပြီ။ အရင်တစ်ပတ်က ခုလိုချိန် မင်းထွဋ် ​နောက်​ဖေးသုခဘုံမှာ မင်းသမီး​​လေးရဲ့​ဖျော်​ဖြေမှုကို ​ချောင်း​မြောင်း ရှုစား​​နေခဲ့တာ​ပေါ့။

အခု​တော့ မင်းထွဋ်စိတ်​တွေ ချိနဲ့​နေတယ်။ သီချင်းသံ​တွေလည်း မသာယာ​တော့ဘူး။ ယုဇန​တွေလည်း မ​မွှေး​တော့ဘူး။

ဓမ္မာရုံ​က သီချင်းဖွင့်တာဝန်ခံ လူကြီးမင်းဟာ ဒီတစ်ပတ် မင်းထွဋ် လုပ်အားလာမ​ပေးလို့ အငြိုးထားလိုက်သလားမှတ်ရတယ်။ အရင်တစ်ပတ်က မင်းသမီး​လေးကတဲ့ 'သဲကြီးမဲကြီး' သီချင်းကို ဖွင့်​​လေတယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now