Unicode...
ညိုအိမ်ပေါ်ကဆင်းပြီး သုံးလပြည့်တော့ ဘဏ်ကနေ အလုပ်ထွက်ခဲ့တယ်။ ညို့ဆံပင်တွေက သိသိသာသာရှည်လာတော့ မန်နေဂျာက ညှပ်ဖို့အသိပေးတယ်။ စာရေးတစ်ယောက်က ဆံပင်ရှည်နဲ့ကြည့်မကောင်းဘူး ဘာညာပေါ့။ ညိုက မညှပ်ဖြစ်တော့ဘူး၊ အရှည်ထားပြီး မိန်းမလျာလိုပဲနေသွားတော့မယ်၊ အဲဒီလိုနေရင်းက အလုပ်လုပ်ရင် အဆင်ပြေနိုင်မလားလို့ မေးတော့ မန်နေဂျာက ချက်ချင်းကို ခေါင်းခါလေတယ်။ ဒီတော့ ညိုလည်း အဲဒီနေ့မှာပဲ အလုပ်ထွက်စာတင်ခဲ့လိုက်တော့တယ်။ မိန်းမလျာတစ်ယောက် ဘဏ်စာရေးလုပ်လို့ အဆင်မပြေဘူးဆိုတော့လည်း ထွက်ရုံပေါ့လေ။ ဘာတတ်နိုင်လဲ။
ဒီလိုနဲ့ မာမီရွှေမြပေးတဲ့အလုပ်က ညို့ရဲ့အဓိကဝင်ငွေရတဲ့လုပ်ငန်းဖြစ်လာတယ်။ ညိုလည်း မိန်းမလျာတစ်ယောက်လိုပဲနေတော့တယ်။ ရုံးသွားရင်ဝတ်တဲ့ ရှပ်အင်္ကျီနဲ့ပုဆိုးတွေဆို သေတ္တာရဲ့အောက်ခြေမှာ ပိလို့ပြားလို့ အခြေအနေတွေဖြစ်ကုန်ပြီ။
ဟိုးအရင်ကဆို အဲဒီအင်္ကျီတွေပုဆိုးတွေဟာ ကျွန်းဗီရိုကြီးထဲမှာ တခမ်းတနားနေရာယူကြတဲ့ပစ္စည်းတွေပေါ့။ အခုညိုဝတ်နေတဲ့ရင်ဖုံးဝမ်းဆက်လေးတွေဟာ အရင်က ဗီရိုကြီးရဲ့နောက် ကြပ်ခိုးတွေ၊ ဖုန်တွေနဲ့အတူ နေရာယူရတဲ့ အဝတ်တွေပေါ့။
အခုတော့ ပြောင်းပြန်တွေဖြစ်သွားကြပါရောလား။ အဖြစ်အပျက်တွေက မြန်ဆန်လိုက်တာနော်။
.
."တောင်ပံပါရင် မင်းဆီကို... အိုး ဝေးနေချိန်ရဲ့ ခရီးလေးကို... လှမ်းလက်ရယ် အင်အားရှိစွာ... ထွေးပိုက်ပါတော့... ရင်ခုန်သံတွေ အိပ်စက်စို့..."
"အမလေး မိညိုတို့များ... ခရီးထွက်လာတာဖြင့် သုံးရက်မပြည့်သေးဘူး အဝေးကချစ်သူကို တမ်းတနေပြီ"
ညို့ရှေ့မှာ ညို့ကိုယုံယုံကြည်ကြည်နဲ့ ထိုင်နေတဲ့ သတို့သမီးလေးရဲ့ဆံထုံးလေးကို သေသေချာချာကိုင်တွယ်ရင်း သီချင်းလေးညည်းတော့ မာမီရွှေမြက စလေတယ်။
YOU ARE READING
ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်