Part 6

2.1K 220 6
                                    

Unicode...

မင်းထွဋ် စိတ်​တွေ​လေ​နေလို့ အိမ်မှာပဲထိုင်​နေ​ပေမဲ့ ဖင်ပူ​အောင်မထိုင်လိုက်ရပါဘူး။ စိတ်​လေတာ​တောင် ​ပျောက်သွား​စေတဲ့ကိစ္စက ချက်ချင်း​ပေါ်လာတယ်။ လမ်းထိပ်မှာ ဘိုသစ် မိန်းမလျာကြီးတစ်​ယောက်နဲ့ လုံးသတ်​နေတယ်ဆိုပြီး ရပ်ကွက်ထဲ က​လေး​တွေလူကြီး​တွေ အစုလိုက်ကြီး လမ်းထိပ်ကိုထွက်သွားကြတာ ​မင်းထွဋ်​တွေ့လိုက်ရတယ်။

ဘယ်​လောက်ပဲ အပူမိ​နေပါ​စေ။ ချက်ချင်း ထပြီး ပုဆိုးကိုပြင်ဝတ်ရတယ်။ ဒါမျိုးကို မင်းထွဋ်တို့ ဥ​​ပေက္ခာပြုလိုက်ရင် ရာဇဝင်ရိုင်းသွားမှာ​ပေါ့။ ပြီး​တော့ ဘိုသစ်...။

အဲ​ကောင် ဟိုတစ်​နေ့ကမှ မိန်းမလျာ​တွေကို ကြည့်မရဘူးဆိုပြီး ရင်ဖွင့်ထားတာ။ မင်းထွဋ်သာ မသွားရင် ဒီ​ကောင့်​ဒေါသနဲ့ တစ်ဖက်လူ သွေးထွက်သံယို​တွေဖြစ်ကုန်မှာ အ​သေအချာပဲ။

မင်းထွဋ် လမ်းထိပ်ကို​ရောက်​တော့ ဘိုသစ် ​လာဆွဲတဲ့ကောင်​လေးတစ်​ယောက်ကို တွန်းလွှတ်လိုက်တာ မြင်လိုက်ရတယ်။ မင်းထွဋ် ​ခြေလှမ်းကိုအရှိန်တင်ပြီး ဒီ​ကောင့်ကို​ အော်ထည့်လိုက်တာ။ အနား​ရောက်တာနဲ့ ရှိသမျှအားသုံးပြီး အဲ​ကောင်ကို ဆွဲလိုက်ရတယ်။ ဒါ​တောင် ဒီ​ကောင် တရှူးရှူးနဲ့ ​ဒေါသမ​​ပြေ​သေးဘူး။ တစ်ဖက်က မိန်းမလျာမကြီးက​တော့ တစ်​ခေါင်းလုံးရှုပ်ပွပြီး အင်္ကျီ​တွေတွန့်​ကြေလို့။

မင်းထွဋ် လဲကျ​နေတဲ့​ကောင်​လေးဆီ လှမ်းကြည့်မိ​တော့ ရင်ထဲက လှိုက်ခနဲဖြစ်ပြန်တယ်။ ​ပြေးလာရလို့ နှလုံးခုန်မြန်တာပါလို့ ချက်ချင်းဆိုသလို ကိုယ့်ဘာသာ ​တလွဲ​ခေါင်းစဉ် တပ်ပစ်လိုက်တယ်။

မင်းထွဋ် ​သွေးသစ်ညိုဆိုတဲ့​ကောင်​လေးကို မမြင်ချင်ဘူး။ မ​တော်တဆရယ်လို့မှ မဆုံချင်ဘူး။ မျက်လုံးထဲမှာ ကန့်လန့်ဖြစ်​နေချင်တယ်။ အမြင်ကပ်ချင်တယ်။ ​နောက်ဆုံး မုန်းပစ်ချင်တယ်။

ဒီလိုအ​တွေး​တွေနဲ့ သူ့ကို စိုက်ကြည့်​နေမိ​ပေမဲ့ ​သွေးသစ်ညိုရဲ့ ဝိုင်းစက်တဲ့မျက်ဝန်းတစ်စုံ၊ အသာအယာချယူလိုက်တဲ့ မျက်​တောင်တစ်ခတ်က မင်းထွဋ်အ​တွေး​တွေကို စက္ကန့်ပိုင်းအတွင်း ​ချေမှုန်းပစ်​လေတယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now