Part 17

1.5K 152 5
                                    

Unicode...

ပြာသိုလဆန်း နှစ်ရက်နေ့...။
ရပ်ကွက်ဘုရားပွဲ​နေ့...။
မင်းထွဋ်နဲ့ ​သွေးသစ်ညိုတို့ လူမသိသူမသိချစ်လာကြတဲ့ ၈ရက်​မြောက်​နေ့...။

ညိုတို့အိမ်မှာ အုန်းနို့​ခေါက်ဆွဲ​ကျွေးတယ်။ ​ကျွေးတယ်ဆိုတာလည်း ဘုရားပွဲကိုအမည်ခံပြီး ဖြူဖြူ​အောင်တို့မိသားစုကို ဖိတ်တာပါ။

ဘုရားပွဲမှာက ဇာတ်ပွဲပါ​ပေမဲ့ ဖြူဖြူ​အောင်တို့မိသားစု လာလည်မှာမို့ ပွဲမကြည့်ရဘူးဆိုတဲ့အမိန့်ကို အိမ်​ထောင်ဦးစီး ​ဖေ​ဖေက ထုတ်ထား​​လေတယ်။ မေ​မေက တကယ်​တော့ ပွဲချိုးပါ။ ဝန်ထမ်းအိမ်ရာ​တွေမှာ​နေရတုန်းက ​ဖေ​ဖေ့ဂုဏ်သိက္ခာ​ကြောင့်သာ ပွဲလမ်းသဘင်​တွေ မသွားတာ။ ​ညို့ကိုဆို ခဏတိုင်း​ပြောဖူးတယ်။ ​မေ​မေအပျိုတုန်းကဆို ဘုရားပွဲရှိတဲ့ရပ်ကွက်လှည့်ပြီး ညလုံး​ပေါက်ပွဲကြည့်လာတာတဲ့။

ညိုက ​မေ​မေ့​သွေး​တွေအပြည့်ပါလာတာလို့ ​ပြောရမှာ​ပေါ့။ အခုလည်း ​မေ​​မေက ရပ်ကွက်ထဲ ဘုရားပွဲသံကြားကတည်းက အိမ်နီးချင်း​တွေကို ဇာတ်ပါသလားနဲ့လိုက်​​မေး​နေခဲ့တာ။ ​မေ​မေလည်း ကြည့်ချင်​နေရှာမှာပါပဲ။

ဒါ​ပေမဲ့လည်း ဒီတစ်အိမ်လုံးမှာ အာဏာအရှိဆုံးက ​ဖေ​ဖေ​ပေပဲ။ ဒီ​တော့ ​မေ​မေလည်း ဇာတ်ပွဲအ​ကြောင်းမ​ပြော​တော့ဘဲ အုန်းနို့​ခေါက်ဆွဲကိုသာ အားခဲချက်ရ​​လေတယ်။ ​မေ​မေက​ မငြင်းငြူရှာ​ပေမဲ့ ညိုက​တော့ ​စိတ်မ​ကောင်းဘူး။

ဘုရားပွဲရက်ဖြစ်လို့ ဓမ္မာရုံက သီချင်းသံ​တွေက တစ်ရပ်ကွက်လုံးကို လွှမ်းလို့​နေတယ်။

"သား​ရေ... ဧည့်သည်​တွေမလာခင် အိမ်နီးချင်း​တွေကို အရင်သွား​ပေးလိုက်ဦး"

​မေ​မေက ​လေးဆင့်ချိုင့်ကြီးထဲ အုန်းနို့​ခေါက်ဆွဲ​​တွေ ကျကျနနထည့်ရင်း ညို့ကိုလှမ်း​အော်တယ်။ ဒီလိုနဲ့ ​ဘေးပတ်လည်က ​ရင်းနှီးတဲ့ နှစ်အိမ် သုံးအိမ်ကို ညို မုန့်​တွေလိုက်​ဝေလိုက်ရတယ်။

အ​ရှေ့ဘက်အိမ်က​တော့ မပါမဖြစ်​ပေါ့​လေ။ ညို့ချစ်သူကြီး အလုပ်ဆင်းချိန်လည်းဖြစ်လို့ အိမ်မှာရှိ​နေမှာ​သေချာပါတယ်။ ခပ်ရှုပ်ရှုပ်ဖြစ်​နေတဲ့ဆံပင်​တွေကို နည်းနည်းပါးပါးပြင်ပြီး ချိုင့်ကိုဆွဲလို့ အ​ရှေ့ဘက်အိမ်ကိုထွက်ခဲ့တယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now