Part 22

1.4K 154 3
                                    

Unicode...

​ကောင်းကင်ပြင်မှာ တိမ်​တွေထူထပ်လို့​နေတယ်။ ​နေ​ရောင်ခြည်​တောင်တိုးမ​ပေါက်လို့ မိုးကုတ်စက်ဝိုင်း​အောက်လှုပ်ရှား​နေတဲ့သက်ရှိ​တွေ ​နေရထိုင်ရတာ ထိုင်းထိုင်းမှိုင်းမှိုင်း...။

အဲဒီထဲ ညိုတို့လည်းပါတယ်။ ညိုတို့ဆိုတာ ညိုရယ်၊ ဖြူဖြူ​အောင်ရယ်၊ နှစ်ဖက်မိဘ​တွေရယ်...။

ဖြူဖြူ​အောင်တို့အိမ်ကြီးထဲက ခမ်းနားလှတဲ့ဧည့်ခန်းထဲမှာ ဝိုင်းဖွဲ့ထိုင်​​နေကြတဲ့ ညိုတို့က​တော့ အလွန် မခမ်းနားလှဘူး။ ကျက်သ​ရေမင်္ဂလာလည်း သိပ်မရှိလှဘူး။

မိဘ​တွေမျက်နှာမှာ တင်းမာမှု​တွေ...၊ ညိုနဲ့ဖြူဖြူ​အောင့်ရဲ့ မျက်နှာ​တွေက​တော့ ကြမ်းပြင်နဲ့ အကြည့်ချင်းစိုက်​နေရဲ့။

"မင်းတို့က ဒီ​စေ့စပ်တဲ့အမှုကို အစတည်းကလက်မခံချင်ဘူးဆို ပွင့်ပွင့်လင်းလင်း​ပြောသင့်တယ်... အခု​တော့ မျက်နှာပျက်စရာ​တွေဖြစ်ကုန်ပြီ​ပေါ့"

ဖြူဖြူ့အ​ဖေက ​ဒေါကြီး​မောကြီးဆိုတယ်။ ​မေ​မေ့သက်ပြင်းချသံ​လေးကိုလည်း ညိုကပ်တိုး​လေးကြားလိုက်ရတယ်။

"ဟုတ်တယ်... ပြီး​တော့ ကျွန်မတို့က သမီးရှင်ဆို​တော့ ပိုပြီး..."

"​မေ​မေ အဲလိုမ​ပြောပါနဲ့... ဖြူဖြူကိုယ်တိုင် လိုလိုလားလားကန့်ကွက်တာပါ... ဒီလိုကန့်ကွက်တာက အမှားဆို ဖြူဖြူလည်းမှားတယ်... မိန်းက​လေးဖြစ်​နေလို့ဆိုပြီး ​ခေါင်း​ရှောင်စရာမရှိဘူး"

"တယ်... ဒီ​ကောင်မ​လေး"

"ကဲ ကဲ... ​တော်ကြ​တော့ ​တော်ကြ​တော့... ဒီ​တော့ ကို​ဇော်​သွေးတို့က​ရော"

ဖြူဖြူတို့မိသားစုမှာ တစ်​ယောက်တစ်​ပေါက်...။ ညို့​ဖေ​ဖေက​တော့ မျက်နှာကြီးတင်း​နေရုံ...။ ဘာမှလည်းဝင်မ​ပြော...။ ကြည့်ရတာ ညို့ကို​တော်​တော်​ဒေါသထွက်​နေပုံပါ။ ဖြူဖြူ့အ​ဖေအ​မေးကို ​ဖေ​ဖေက စကားမပြန်​တော့ ​မေ​မေကပဲ ကြားထဲကဝင်​ပြော​တော့တယ်။

"ဘယ်တတ်နိုင်မလဲရှင်... က​လေး​တွေက မလိုလားဘူးဆို​တော့လည်း ကျွန်မတို့အတင်းစီစဉ်ရင် ပိုဆိုးလာဖို့ပဲရှိမှာ​ပေါ့...သူတို့စိတ်တိုင်းကျ ဖြစ်ပါ​စေ​​​တော့"

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now