Part 7

2K 207 5
                                    

Unicode...

ကြက်ပျံမကျ စည်ကား​နေတဲ့ ပွဲ​ဈေးတန်းတစ်ခု...။ ဒီရာသီက ရပ်ကွက်​တွေရဲ့ ပွဲရာသီမို့ တန်ခူးမတိုင်ခင်ထိ ရပ်ကွက် ဘုရားပွဲ​တွေ ​တောက်​လျှောက်ကိုရှိ​နေမှာ။

အခုက နတ်​တော်လပြည့်မတိုင်ခင် အ​ဝေးဖိတ်​ပေါ့။ အ​ဝေးဖိတ်ရယ်၊ အဖိတ်ရယ်၊ လပြည့်​နေ့ရယ်ဆိုပြီး သုံးရက်တိုင်တိုင် ဒီရပ်ကွက်မှာ ပွဲ​ဈေးတန်းကြီးရှိ​နေမှာ။

၁၂ရာသီပွဲ​ဈေးသည်​တွေဆို ပွဲမတိုင်ခင်တစ်ရက်ကြိုလာပြီး ​နေရာဦးကြပြီ။ ရပ်ကွက်လမ်းထဲ​ရော လမ်းထိပ်မှာ​ရော ​ဈေးသည်​တွေအပြည့်။ ဇာတ်ပွဲပါပါ​တော့ မိုးချုပ်ပြီဆိုတာနဲ့ စစည်တာ မိုးလင်းတဲ့အထိပဲ။

မင်းထွဋ်တို့အုပ်စု ​အောင်နိုင်ဆန်း​​ကောင်းမှုနဲ့ ပွဲ​​ဈေးထဲ​​ရောက်​နေပြီ။ သူ့​အေး​အေးကြိုင် သုံးညဆက်တိုက် ပွဲကြည့်မှာမို့ ပွဲမကြည့်ခင် သူကြိုက်တဲ့မုန့်​လေး​တွေဝယ်​ပေးရ​​အောင် ​လာတာတဲ့။ မင်းထွဋ်တို့ကို ​တောအရက်တိုက်ပါ့မယ်ဆိုတဲ့ မက်လုံးနဲ့ ဆွဲလာခဲ့တာပဲ။

အစက​တော့ မင်းထွဋ် ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိသလို သွားချင်လာချင်စိတ်လည်းမရှိဘူး။ ဒီတိုင်း အိမ်ထဲမှာပဲ စိတ်​လေ​နေတာ တစ်ပတ်​​လောက်ရှိပြီ။ ​

အောင်နိုင်ဆန်းက အတင်းဇွတ်​ခေါ်တာနဲ့ ရပ်ကွက်ကလည်းနီး​တော့ စိတ်​ပြေလက်​ပျောက်ဖြစ်​အောင်ဆိုပြီးထွက်လာတာ။

ဪ... အချစ် အချစ်...။ ​အောင်နိုင်ဆန်းကို မင်းထွဋ် အားကျပါတယ်။ ချစ်ချင်တဲ့သူကို လွတ်လွတ်လပ်လပ် ချစ်ပစ်လိုက်လို့ရတယ်။ မိဘသ​ဘောမတူတာ​ ဘာညာ အသာထား။

လူဘုံအလယ် လက်က​လေးတွဲလို့ ​လမ်းလျှောက်ကြရင် ဘယ်သူက အ​ကြောင်းမဲ့သက်သက် လက်ညှိုးလာထိုးမလဲ၊ ဘယ်​ကောင်က ​လှောင်လိမ့်မလဲ၊ ဘယ်သူ​တွေ တီးတိုးတီးတိုးနဲ့ အတင်း​ပြောလိမ့်မလဲ။ ဪ... ချစ်သူနှစ်​ယောက် လက်ချင်းတွဲပြီး​လျှောက်လာတာ ကြည်နူးစရာ​လေးပါလားဆိုပြီး အားကျမဲ့သူ​တွေ ပိုများပါလိမ့်မယ်။

မင်းထွဋ်အတွက်က​တော့လား...။

​အောင်နိုင်ဆန်းလက်ထဲမှာ မုန့်လင်မယား၊ မုန့်သိုင်းခြုံ၊ မုန့်​ခေါင်းအုံး၊ စနွင်းမကင်းနဲ့ ​​ကောက်ညှင်း​​ပေါင်း အထုပ်​တွေ ပြည့်လို့။ ဒါ​တောင် ခဲတံ​ချောင်းဝယ်ဖို့ပါပြင်​နေတာ။ ရင်ပြည့်ပြီး အန်​နေမှ ပွဲမကြည့်ရတာ မင်း​​ကြောင့်ဆိုပြီး အမှုပတ်မယ်လို့ ​ပြောလိုက်​​တော့မှ ခဲတံ​ချောင်းကို လက်​လျှော့လိုက်တယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now