Part 1

4.5K 300 8
                                    

Unicode...

ရပ်ကွက်ထဲမှာ မင်းထွဋ်ရဲ့ဩဇာဟာ သိပ်​ညောင်းတယ်။ အုပ်​ချုပ်​ရေးပိုင်းက လူကြီး​တွေပြီးရင် မင်းထွဋ်က ရပ်ကွက်ထဲမှာ အာဏာအရှိဆုံးလူပဲ။

မင်းထွဋ်ရဲ့ပင်ကိုစရိုက်က မဟုတ်မခံ။ သူမှန်တယ်ထင်ရင် တဇွတ်ထိုးလုပ်တယ်။ ဘယ်သူ့မှဂရုမစိုက်​တော့ဘူး။ ​ဘယ်မျက်နှာမှလည်း မ​ထောက်​တော့ဘူး။ တချို့ လူကြီးတွေနဲ့ပါ ပြဿနာတက်လို့ အ​မေမုဆိုးမကြီးမှာ မျက်နှာပူရတဲ့အချိန်​တွေလည်း ရှိဖူးတယ်။ အဲဒါ​ကြောင့်ပဲ ဒီ​ကောင်​လေး မိုက်တယ် ရိုင်းတယ် ကြမ်းတမ်းတယ်လို့ နာမည်ကြီးတယ်။

ရပ်ကွက်ထဲ ရန်ပွဲရှိတယ်ဆို ​ပြေးကြည့်စရာမလိုဘူး။ မင်းထွဋ်ပါတယ်။ သူကိုယ်တိုင် ဝင်လုံးတာလည်းဖြစ်ချင်ဖြစ်မယ်။ ရန်ပွဲကို ဝင်တားတာလည်း ဖြစ်​ကောင်း​ဖြစ်မယ်။ မင်းထွဋ်ကိုယ်တိုင်ဖြစ်တဲ့ပွဲဆို တရပ်ကွက်လုံး ဟိုး​လေးတ​ကျော်နဲ့ ​တော်​တော်နဲ့ပြီးတယ်မရှိ​ဘူး။ ဒါ​ပေမဲ့ သူဝင်တားတဲ့ရန်ပွဲဆို ကြီးကြီးကျယ်ကျယ်မဖြစ်ခင် ပြီးပြတ်သွားကြတာများတယ်။ အဲဒါ​တွေက မင်းထွဋ်ရဲ့ထုံးစံပဲ။

ရပ်ကွက်ထဲ သာ​ရေးနာ​ရေးဆိုလည်း မင်းထွဋ်ထိပ်ဆုံးက...။ လူအုပ်ထဲ ပုဆိုးတိုတို၊ အင်္ကျီဖြူဖြူနဲ့ အရပ်က ထိုးထိုး​ထောင်​ထောင်၊ ဟို​နေရာလည်း​တွေ့၊ ဒီ​နေရာလည်း​တွေ့ဆို အဲဒါ မင်းထွဋ်ပဲ။

သူ ပထမဆုံးလုပ်အားခရတုန်းက ဝယ်ထားတဲ့ ရှပ်လက်ရှည်အဖြူနှစ်ထည်နဲ့ အညို​ရောင် ပိုးပုဆိုးနှစ်ထည်ကို ​သာ​ရေးနာ​ရေး​တွေမှာ လူရို​သေ ရှင်ရို​​သေဖြစ်​အောင် ​ခေါက်တွန့်​ခေါက်ပြန်ဝတ်တာကိုး။

ပိုးပုဆိုးဆိုတာလည်း ​ရောင်းတဲ့သူကသာ စစ်ပါတယ်​ပြောတာပဲ။ တကယ်စစ်ချင်မှစစ်မှာ။ ​ဈေးသက်သက်သာသာနဲ့ရခဲ့တာကိုး။ ဘယ်သူသိမှာလဲ။ ဘယ်သူကလည်း မင်းထွဋ်ကို မင်းပိုးပုဆိုးက ပိုးမစစ်ဘူးလို့ လာ​ပြောရဲမလဲ​။

နာ​ရေးဖဲဝိုင်း​တွေမှာ ဖဲလိမ်ရင် မင်းထွဋ်လက်ဆကို မြည်းစမ်းခွင့်ရလိမ့်မယ်။

တခြားရပ်ကွက်က​ကောင်တွေ မင်းထွဋ်တို့ရပ်ကွက်ထဲ မိုက်​ကြေးလာခွဲရင် မင်းထွဋ် သစ်သား​ချောင်း​ကြောင့် ​​သွေးအလိမ်းလိမ်းဖြစ်သွားလိမ့်မယ်။

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now