Part 16

1.6K 162 4
                                    

Unicode...

မင်းထွဋ် ​ကြောင်​တောင်​တောင်နဲ့ ညို့ကိုတင်းတင်းကြပ်ကြပ်ပြန်ဖက်ထားလိုက်တယ်။ ဒါ ညို့ဆီက​နေ လှတပတပြန်ရလိုက်တဲ့ အ​ဖြေ...။ ညိုမြက​လေးက ​နောက်ဆုံး​တော့ ဟန်မ​ဆောင်နိုင်​တော့လို့ မင်းထွဋ်အ​ပေါ် ပုံအပ်လိုက်ပါပြီ​ကော။

မင်းထွဋ်ရင်ထဲ သီချင်းသံ​​တွေ ညံစီလို့။ ​ချောတိုင်တက်ပြိုင်ပွဲမှာ အနိုင်ရရှိသွားတဲ့အဖွဲ့ဟာ မင်းထွဋ်​လောက် ​ပျော်နိုင်ပါ့မလား။ ချော​ပြောင်​နေတဲ့တိုင်​ပေါ် ခဲရာခဲဆစ်တက်ခဲ့ရတဲ့ ​ယောက်ျားသားများလို မင်းထွဋ်ဟာ ကိုယ့်နှလုံးသားကို​ရော ညို့နှလုံးသားကိုပါ ခဲရာခဲဆစ် ရှာ​ဖွေပြီးမှ ​အောင်လံကိုလှမ်းကိုင်နိုင်ခဲ့တဲ့လူ...။

မင်းထွဋ် ရင်ခွင်ထဲကညို့ကို အသာအယာဆွဲထုတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံး​နေ​လေတယ်။ ညိုကလည်း ရွှန်းရွှန်းစားစားစိုက်ကြည့်ပြီး ကြည်ကြည်နူးနူး ပြန်ပြုံးပြတယ်။

"ကိုယ် မင်းကို လက်မလွှတ်ဘူး ညို... ဘယ်လိုအခက်အခဲ​တွေပဲရှိရှိ လက်မလွှတ်ဘူး... ကိုယ့်အချစ်​နဲ့​ ​မေတ္တာရိပ်ဟာ မင်းအတွက် လုံခြုံမှုကိုပဲ ​ပေးနိုင်ဖို့ ကိုယ်ကြိုးစားပါ့မယ် ညို"

"ညို ကတိ​တွေမလိုပါဘူး ကိုမင်းထွဋ်... ညိုတို့ ချစ်နိုင်တဲ့အထိ ချစ်သွားကြမယ်... ညို ဘာမှမ​တွေးချင်ဘူး... ညို့ဘဝတစ်​လျှောက်လုံး ကိုယ်မလိုချင်တဲ့ဘဝမှာ​နေပြီး ရင်ဆိုင်ရမဲ့အခက်အခဲ​​တွေကို ​တွေးပူ​နေရတာ ပင်ပန်းလာပြီ ကိုမင်းထွဋ်... ဒါ​ကြောင့် ညိုဘာမှမ​တွေးဘဲ ကိုမင်းထွဋ်ကိုချစ်ချင်တယ်... အကျိုးအမြတ်​တွေ၊ ဆုံးရှုံးမှု​တွေ ဘာဆိုဘာမှ ဂရုမစိုက်ချင်ဘူးကွယ်... ညို အချစ်ပဲခံချင်တယ်... ညို ချစ်ပဲချစ်ချင်တယ်...  ညို ဒါပဲသိတယ်"

ညို့စကား​​တွေဆုံး​တော့ ကိုမင်းထွဋ်ရဲ့ လက်​ချောင်းများဟာ ညို့လက်များဆီ​ရောက်လာတယ်။ ကိုမင်းထွဋ်က ညို့လက်နှစ်ဖက်ကိုဆွဲယူပြီး ဖျတ်ခနဲနမ်းလိုက်သတဲ့။

"ကိုမင်းထွဋ်... လူ​တွေအများကြီးကို​နော်... အခုမှအ​ဖြေ​ပေးထားတာကို ​သိပ်ကဲတာပဲ"

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now