Part 2

3.2K 253 7
                                    

Unicode...

ရုတ်တရက် ထွက်​ပေါ်လာတဲ့ အာ​မေဋိတ်သံ​ကြောင့် မင်းထွဋ်လည်းလန့်ပြီး ​ခေါင်းငုံ့မိသွားတယ်။ တစ်ဖက်မှာ​တော့ ရင်ဘတ်ကိုဖိပြီး မင်းထွဋ်ရဲ့အရိပ်ကိုလိုက်ကြည့်​နေတဲ့ ​ကောင်​လေး...။

"အာ ​​ကန်​တော့နော်... ​ဟို ပန်းက​မွှေးလို့ ဘယ်က​နေ အနံ့ရ​နေတာလဲလို့ လာကြည့်တာ"

မင်းထွဋ်တို့အိမ်နဲ့ တစ်ဖက်အိမ်ကို ခြားထားတဲ့ ခြံစည်းရိုးက ထရံစည်းရိုးဖြစ်ပြီး နိမ့်နိမ့်​လေးပဲ။ ကြာလည်းကြာ​နေပြီဆို​တော့ တချို့ထရံစ​တွေဟာ ကွာကျပြီး ကျိုးတို့ကျဲတဲနဲ့ ဟိုဘက်ဒီဘက်ကို​တောင် ထရံကြားက​နေ လှမ်းမြင်​နေရတယ်။

ထရံနဲ့ကပ်လျက်မှာ အစီအရီချထားတဲ့ ပန်းအိုး​လေး​တွေကို မျက်​လွှာ​လေးချပြီး ငုံ့ကြည့်လိုက်တဲ့ ​ကောင်​လေး...။ မျက်​တောင်​တွေဟာ ရှည်စင်းပြီး ​ကော့လို့​နေတယ်။ ပန်းအိုး​တွေကိုကြည့်ပြီး ပြုံးလိုက်တဲ့​ကောင်​လေးဟာ ပကတိ​အေးချမ်းတဲ့အသွင်ကို​ဆောင်တယ်။

"ဒါ ယုဇနပန်း​တွေပါ အစ်ကို... ​မွှေးတယ်မလား... ကျွန်​တော့်အ​မေ​ သ​​ဘောကျလို့ စိုက်ထားတာ​​တွေ"

"ဪ ယုဇနတဲ့လား"

မင်းထွဋ်​ ခေါင်းတညိတ်ညိတ်နဲ့ ​ခြေဖျား​ထောက်ပြီး တစ်ဖက်ထရံ​ အောက်​ခြေကို ငုံ့ကြည့်လိုက်တယ်။ ဖြူ​ဖွေး​ဖွေးပန်းပွင့်​​သေး​သေးလေး​တွေဟာ အရွယ်နဲ့မလိုက်​အောင် ​မွှေးပျံ့တဲ့ရနံ့ကိုထုတ်လွှတ်နိုင်တာ အံ့ဩမိပါတယ်။ တစ်ပင်ထဲမှာ ပြွတ်သိပ်မ​နေဘဲ ခပ်စိပ်စိပ်​လေး​တွေပွင့်​နေကြလို့သာပါ။ အများကြီးများပွင့်လိုက်ရင် ဘယ်​လောက်များ​မွှေးလိုက်မလဲလို့ မင်းထွဋ်​တွေးမိပါရဲ့...။

"ဟို... ကျွန်​တော်တို့က ဒီ​နေ့မှအိမ်​ပြောင်းလာတာပါဗျ... ကျွန်​တော့်နာမည် ​သွေးသစ်ညိုပါ အစ်ကို... ​တွေ့ရတာဝမ်းသာပါတယ်"

မင်းထွဋ်လည်း ယုဇနပင်​တွေဆီက​နေ ​သွေးသစ်ညိုဆိုတဲ့​ကောင်​လေးဆီ အကြည့်လွှဲလိုက်ပြီး ပြုံးပြလိုက်တယ်။

"​တွေ့ရတာဝမ်းသာပါတယ် ငါ့ညီ... အစ်ကို့နာမည် မင်းထွဋ်... အကူအညီလိုရင်​ပြော​နော်... အားမနာနဲ့သိလား... အိမ်နီးချင်း​တွေပဲ"

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now