Part 18

1.4K 137 0
                                    

Unicode...

Top Queen စက်ချုပ်ဆိုင်...

စက်ချုပ်သမ​လေး​တွေ အပြိုင်အဆိုင် စက်နင်း​နေကြသံ​တွေ လှိုင်ထ​နေတယ်။ ဒီဇိုင်နာသင်တန်းဆင်း မဥမ္မာဦးစီးတဲ့ ဒီဆိုင်​​လေးက ရပ်ကွက်ထဲတင်မက တစ်မြို့လုံးမှာပါ နာမည်အတန်အသင့်ရ​နေတဲ့ဆိုင်​လေးဆိုမမှားဘူး။

တချို့က မဥမ္မာကို ​ဈေးကြီးထဲဆိုင်ခန်းငှားပြီးဖွင့်ဖို့ အကြံ​ပေးကြတယ်။ မဥမ္မာက အ​မေအိုကြီးကိုလည်းကြည့်ရတာမို့ ​အိမ်နဲ့တွဲရက်ဆိုင်ခန်း​လေးကိုပဲ တွယ်ကပ်​နေခဲ့တာ။

မဥမ္မာ အဝတ်စကိုက်​နေတုန်း Top Queen စက်ချုပ်ဆိုင်​ရှေ့ ကားတစ်စီးထိုးရပ်လာပြီး ​​​ဒေါက်မြင့်ဖိနပ်စီး​ခြေတံသွယ်သွယ်တစ်​ချောင်း ကား​ပေါ်က​နေကျဆင်းလာတယ်။ ကား​ပေါ်ကလူကိုမြင်​တော့ မဥမ္မာက ပြုံးလိုက်တယ်။ ​ဒေါက်မြင့်ဖိနပ်ကို မထပ်​အောင်စီးပြီး ထဘီကို ​ခြေသလုံးအလယ်ထိသာ ခပ်တိုတိုဝတ်တတ်တာက သူ့စတိုင်လ်။

အဲဒီထဘီကိုလည်း မဥမ္မာကိုယ်တိုင် ဖန်တီး​ပေးခဲ့တာ​ပေါ့။ သူဆိုတာ ဒီ Top Queenစက်ချုပ်ဆိုင်ရဲ့ VIP​​ဖောက်သည် လှိုင်းခက်...။

"တို့ကို​လှောင်​နေတာများလား မဥမ္မာရဲ့... ကား​ပေါ်ကဆင်းကတည်းက ပြုံး​နေတာ အခုထိမရပ်​သေးဘူး​နော်"

လှိုင်းခက်က ဆိုင်ထဲကိုဝင်ဝင်ချင်း မဥမ္မာရဲ့အလုပ်စားပွဲဆီတန်းသွားပြီး ခုံမှာဝင်ထိုင်တယ်။

"​​​မဟုတ်ပါဘူး​အေ... ဟိုတစ်​နေ့က နင့်ကို​တွေ့လိုက်တဲ့​ဖောက်သည်တစ်​ယောက်​ပြောတာ ပြန်ကြား​ယောင်လာလို့"

လှိုင်းခက်က ဘာများလဲဆိုတဲ့​မေးခွန်းကို မျက်ခုံးပင့်ပြီး​မေးလိုက်တယ်။

"ညည်းကို ​ကောက်စိုက်သမနဲ့တူလို့တဲ့"

လှိုင်းခက် ပါးစပ်ကိုအုပ်ပြီး ဟန်လုပ်ရယ်လိုက်တယ်။

"ဘယ်​ကောက်စိုက်သမက ​ဒေါက်စီးမှာတဲ့လဲ ဟမ့်"

"ငါက​တော့ ငါကိုယ်တိုင်ချုပ်ထားတဲ့ဟာမို့ လှတယ်ဆိုတာ အာမခံပါ့... သူတို့က နင့်လိုလိုက်မဝတ်ရဲလို့ ​ပြောကြတာပါ"

ခြံစည်းရိုးတစ်ဖက်က ယုဇနပန်းငယ်Where stories live. Discover now