"ကောင်းကင်ယံ မထသေးဘူးလား နေဖင်ထဲဝင်တော့မယ် 10မိနစ်နေလို့မှမထရင် မေမေကြက်မွှေးနဲ့လာပြီနော်"
ဒေါ်အိမ်စည်တစ်ယောက် ယံယံကိုနိူးပြီ ဧည့်ခန်းမှ ထိုင်စောင့်နေလိုက်တယ် တစ်ဦးထဲသောသားလေးမလို့ အလို လိုက်ထားမိပါတယ်အရမ်းဆိုးတယ် သူအဖေဘဲကြောက်တယ်အမေကို နည်းနည်းလေးမှ ကြောက်တာမဟုတ်ဘူးဒီကလေးက အလိုလိုက်လေဆိုးလေ
အိမ်မက်ကမ္ဘာထဲမှာသာယာနေတဲ့ကောင်းကင်ယံ တစ်ယောက်အမေရဲ့ကြက်မွှေးဆိုတဲ့အသံကြားတာနဲ့တန်းထလာခဲ့ရတယ် မထလို့လဲမရဘူးလေ အမေကတက္ကသိုလ် ဒုတိယနှစ်တောင် ပြီးလို့ တတိယနှစ်တက်တော့မဲ့ကျတော်ကို အခုချိန်ထိ အမေကရိုက်တုံးဘဲ။
အိမ်ချင်မူးတူးနဲ့လှေကနေဆင်းလာတဲ့သားတော်မောင်ကိုဒေါ်အိမ်စည် သေချာကြည့်လိုက်တယ်တက္ကသိုလ်ကျောင်းသားတာဖြစ်တာအခုထိ ကလေးစိတ်က မကုန်သေးဘူး ဝတ်ထားတဲ့ညအိပ်ဝတ်စုံက အဝါရောင် ဘဲရုပ်ကလေးတွေနဲ့ သူကိုက လေးလို့ပြောရင်လဲနည်း"မှမကြိုက်ဘူး အိမ်မှာဆိုသူအရုပ်တွေနဲ့တင်ပြည့်နေတာကို ကလေးမဟုတ်ဘူးကငြင်းချင်နေတာ
"သားယံယံ မင်းညနက်တဲ့အချိန်ထိိဂိမ်းဆော့နေရင်မေမေphသိမ်းရ တော့မယ်နော် "
ယံယံတစ်ယောက်အမေကphသိမ်းမယ်ဆိုတဲ့စကားလဲကြားရော အမေနားသွားပြီ ခါးကိုဖက်ပြီး ပုခုံးပေါ်မေးတင်ကာ
"မေမေကလဲသား နောက်နေ့ညကစပြီးညနက်တဲ့အထိမဆော့တော့ပါဘူးphတော့မသိမ်းပါနဲ့ နော်အရမ်းချစ်တယ်လေနော် "
ကျတော်ပြောတော့မေမေကမယုံသလိုနဲ့နောက်လှည့်ကြည့်တော့
"သားတကယ်ပြောတာပါနော် နော်လို့"
(ကလေးတစ်ယောက်လိုချွဲပြီးပြောနေမှတော့ဒီမေခံနိုင်ရိုးလား)
"ပြီးတာဘဲနောက်ခါဆို အမတကယ်သိမ်းမှာနော်"
"ဟုတ်အဲ့တာကြောင့်မေမေကိုချစ်တာမွ
"သွားသွားမျက်နှာသစ်တော့ "
"ဟုတ်မေမေသား ဝေယံတို့အိမ်ဘက် ခဏသွားအုံးမယ်နော်"
"သွားသွားမြန်မြန်သွားပြီးမြန်မြန်ပြန်ခဲ့"
"အင်းပါအမေရဲ့"