" အမေ့ သားလေးရယ်တော်သေးတာပေါ့ မသေကောင်းမပျောက်ကောင်း ကလေးလဲမဟုတ်ဘဲလမ်းကိုသေချာကြည့်ကူးတာမဟုတ်ဘူး
"အမေကလဲသားဘာမဖြစ်ပါဘူးဆိုနေ သားကကားမလာဘူးထင်လို့ပေါ့ အမေရဲ့ အခုလဲသားဘာမှ ကြီးကြီးမားမားတစ်ခုမှမဖြစ်တာကို
"ဟိုအန်တီကျတော်ကဘဲတောင်းပန်ပါတယ်နော် ကျတော်လဲ အလုပ်ကစ္စအရေးကြီးနေတာနဲ့လမ်းကိုသေချာမကြည့်ဘဲမောင်းမိသွားတာ
"ရတယ် ငါတူရယ်တမင်သက်သက်လုပ်တာ မှမဟုတ်တာ မတောင်းပန်လဲရပါတယ်
"ဟုတ်ကဲ့ ကျတော်ကျေးဇူးတင်ပါတယ် ဒါဆို ယံယံကိုယ်ပြန်တော့မယ်နော် အန်တီကျတော်ပြန်တော့မယ်ဗျ မနက်ဖြန်မှတစ်ခါလာခဲ့မယ် အလုပ်ကိစ္စကအရမ်းအရေးကြီးနေလို့ဗျ
"အေးအေးကားကိုဂရုစိုက်မောင်းသွားငါတူ
ယံယံဒီနေ့ ကျောင်းကိုအသွား လမ်းမှ ကားနဲ့ တိုက်မိတာဖြစ်သည် တစ်ဖက်ကလာတဲ့ကားကိုမမြင်ဘဲ ဖြတ်ကူးမိတော့ကားနဲ့ပွတ်တိုက်မိပြီ ခြေထောက်နည်းနည်းထိမိသွားလို့ဆေးခန်းဝင်ပြီပတ်တီးစီးထားရသည်တော်သေးတာပေါ့ ကားကအရှိန်မများလို့မဟုတ်ရင်
ကောင်းကင်ယံဆိုတဲ့ကျတော် ရွာသာကြီးရောက်နေလောက်ပြီတိုက်မိတဲ့သူလဲတစ်ခြားသူမဟုတ် ဟိုတစ်နေ့ကကျောင်းမှတိုက်မိတဲ့လူနဲ့အဲ့လူနဲ့ကိုခဏခဏတိုက်မိနိုင်တယ်
ဘယ်လိုရေစက်မှန်း မသိဘူးဟူးဒီနေ့တော့ကျောင်းမသွားရတော့ဘူးဆိုတော့ အိမ်မှာဘဲဂိမ်းဆော့နေရတော့မယ်ပျော်စရာကြီးဟီးဟီး
တီတီ📱
Hello __📱ဝေယံပြော
📱မင်းကျောင်းမလာသေးဘူးလားအတန်းချိန်စတော့မယ်
📱ငါဒီနေ့ကျောင်းမလာတော့ဘူး
📱ကျောင်းမလာဘူးဆိုတော့ကိုရိူင်းနဲ့သွားဒိတ်မလို့မလား မှန်မှန်ပြောစမ်း
📱ဘောကိုဒိတ်ရမှလားငါကားနဲ့ပွတ်တိုက်မိပြီခြေထောက်နာနေလို့ ဒီနေ့မလာဖြစ်တော့ဘူး ငါအစားခွင့်တင်ပေးအုံးနော်
📱မင်းဘယ်နားထိခိုက်မိသွားသေးလဲ သက်ရောသက်သာလားငါအခုလာခဲ့ရမလား